မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia စတင်တာဝန်ထမ်းဆောင်ရန် မြန်မာနိုင်ငံသိုရောက်ရှိ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှအပ်ခြင်းခံရသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia သည်စတင်တာဝန်ထမ်းဆောင်ရန် မြန်မာနိုင်ငံသိုရောက်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။
၎င်းသည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် စတင်တာဝန်ထမ်းဆောင်ရန် ရန်ကုန်မြိုသိုရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
သံအမတ်ကြီး Ms. Ma Jia ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် သံတမန်ရေးရာဦးစီးဌာနမှ တာဝန်ရှိအရာရှိများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အဓိကသံတမန်အရာရှိများက လေဆိပ်တွင်ကြိုဆိုခဲ့ကြပြီး Ms. Ma Jia သည် ၂၀ ယောက်မြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖြစ်ကြောင်း သိရသည်။
၎င်းသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တာဝန်ပြီးဆုံးပြီး ပြန်လည်ထွက်ခွာသွားသည့် မစ္စတာချန်ဟိုင်း၏ နေရာသို့ ရောက်လာခြင်းဖြစ်သည်။
More Stories
မြန်မာ့တူရိယာစောင်းကောက်ကို စိန့်ပီတာစဘတ်မြို့ရှိ Sheremetev Palace ဂီတပြတိုက်သို့ လွှဲပြောင်းပေးအပ်
မြန်မာ့တူရိယာစောင်းကောက်ကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ Sheremetev Palace ဂီတပြ တိုက်သို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းမှ နိုဝင်ဘာ ၂၀ ရက်က လွှဲပြောင်းပေးအပ်ခဲ့သည်။ အခမ်းအနားတွင် မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းနှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ ပြင်ပဆက်ဆံရေးကော်မတီ ဒု-ဥက္ကဋ္ဌ Mr. Vyacheslav...
Naypyitaw State Polytechnic University စတင် ဖွင့်လှစ်
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေပြီး နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေမည့် Naypyitaw State Polytechnic University အား နေပြည်တော်၌ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး...
နိုင်ငံရေးပါတီ (၅၀)ကျော် မကြာမီအစည်းအဝေး ပြုလုပ်မည်
နစကအစိုးရက ပြန်လည်ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခွင့် ပြုချက်ရရှိပြီးဖြစ်သည့် နိုင်ငံရေးပါတီပေါင်း (၅၀)ကျော်သည် မကြာမီတွင် အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ယင်းအစည်း အဝေးကို အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သွားမည်ဖြစ်ပြီး တန်ဆောင်တိုင်ကာလအပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ပြုလုပ်သွားရန် ပြင်ဆင်ထားကြောင်းလည်း သိရပါတယ်။ နိုင်ငံရေးပါတီများကြားမှာ...
ရွေးကောက်ပွဲကျင်းပပြီး သိက္ခာရှိသည့် လွှတ်တော်ကို ဖော်ဆောင်မည်
မိမိတို့အနေဖြ်င့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိ သည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသော လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား ပြန်လည်ကျင်းပ၍...
မင်းလှမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး
ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး သွားကြောင်း သိရသည်။ နိုဝင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက ဖြူးကွင်ကျေးရွာတွင်နေထိုင်သည့် ညောင်းကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးအာကြီး (ခ)ခင်ထွန်းထွန်းလွင်သည် မင်းလှဘက်သို့ဆိုင်ကယ်စီးလာစဉ် ချောင်းနာရွာတောင်ဘက်ထိပ်အနီးတွင် သေနတ်ဖြင့်ပစ် ခတ်ခံရခြင်းဖြစ်ကြောင်း...
ပုလဲအတွဲ ၂၈၀ ၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်း အတွဲ ၄၈၀၀ ရောင်းချမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနား နစက ဥက္ကဋ္ဌ တက်ရောက်
၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။ နစက ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည်...