(၂၈-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၈-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မိုဘိုင်းဆက်သွယ်ရေး အသုံးပြု၍ အစိုးရ၏ ဝန်ဆောင်မှုများကို ပြည်သူများ ရယူအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိဟု နစက ဥက္ကဌ ပြောကြား

၂။ နစက ဥက္ကဋ္ဌ နှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တို ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများ ဆွေးနွေး

၃။ ရေနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်ဆီးခဲ့သည့် မိုးစပါးစိုက်ဧရိယာများအတွက် မျိုးစပါး ၊ မြေဩဇာများ နှင့် စိုက်ပျိုးရေးဆေးများ ပံ့ပိုးပေးသွားမည်ဟု MRF ပြော

၄။ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများကို ဩဂုတ် ၁ ရက်မှစ အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ ခံစားခွင့်ပြုမည်

၅။ မြန်မာနိုင်ငံအရေး ညှိနှိင်းဆွေးနွေးပွဲများ ပြုလုပ်သွားရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွန်းအားပေး

၆။ သံလွင်မြစ်ရေ ဆက်လက်မြင့်တက်လာ၊ အနိမ့်ပိုင်း ရပ်ကွက်အားလုံးနီးပါးရေနစ်မြှုပ်

၇။ စမ်းချောင်း၌ အုတ်တံတိုင်းပြိုကျပြီး မော်တော်ယာဉ်(၆)စီးအပေါ်ပိမိမှုဖြစ်ပွား

၈။ ဇူလိုင်လ ၂၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၅၉၂,၂၆၃ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၃၀ ကျပ်၊ Octane 95 – ၂၇၅၀ ကျပ်၊ Diesel – ၂၃၆၅ ကျပ်၊ Premium Diesel – ၂၇၇၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ယူကရိန်းကို ချောက်တွင်းသို ပိုမိုနက်ရှိင်းစွာ ဆွဲချနေ

၂။ ပြင်သစ်နိုင်ငံတွင် ပါရီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမကျင်းပမီ နာရီပိုင်းအလို၌ မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်ကို မီးရှိတိုက်ခိုက်မှုများ ဖြစ်ပွား

၃။ အမေရိကန်ဦးဆောင်သောနေတိုးမဟာမိတ်အဖွဲကို ယုံကြည်မှုမရှိကြောင်း ရုရှားအစိုးရပြော

၄။ ထိုင်ဝမ်ကို ဝင်ရောက်ခဲ့သည့် ဂယ်မီတိုင်ဖွန်းအရှိန်ကြောင့် မိုးများပြီး ရေကြီးနိုင်သဖြင့် တရုတ်အရှေ့ပိုင်း၌ အာဏာပိုင်များက လူ ၃၀၀,၀၀၀ နီးပါးကို နေရာရွှေ့ပြောင်း

၅။ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲများရှိရာ အီရတ်အခြေစိုက်စခန်း ဒုံးကျည်များဖြင့်တိုက်ခိုက်ခံခဲ့ရသည်ဟု အီရတ်လုံခြုံရေး တာဝန်ရှိသူများ ပြောကြား

၆။ အမေရိကန်မှ ယူကရိန်းထံ ပေးပိုလိုက်သော အတွဲလိုက်ဗုံးများကို ဂျာမန်ပိုင်နက်မှတစ်ဆင့် ရွှေ့ပြောင်းခြင်းများလုပ်ဆောင်နေကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြ

အားကစားသတင်းများ

၁။ ပါရီအိုလံပစ်ပြိုင်ပွဲဖွင့်လှစ်၊ အားကစားဟာငြိမ်းချမ်းရေးဖြစ်ကြောင်း အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြော

၂။ စိန့်မြစ်ကြောင်းတလျှောက် အားကစားအဖွဲတွေ ချီတက်မှုနဲ့အတူ ပါရီအိုလံပစ်ပြိုင်ပွဲကြီး ဖွင့်လှစ်

၃။ အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားမတိုင်ခင် ပြင်သစ်နိုင်ငံရှိ မီးရထားလမ်းတွေ တိုက်ခိုက်ခံရပြီး လူပေါင်း ၈ သိန်းကျော် အခက်အခဲဖြစ်ခဲ့ဟုဆို

၄။ တောင်ကိုရီးယားမြားပစ်မယ် လင်ရှီအွန် ကမ္ဘာ့စံချိန်တင်

၅။ ခြေစွမ်းကောင်းအောင် ပြန်လည်လုပ်ဆောင်နိုင်ခဲ့သည့်အပေါ် ဂုဏ်ယူကြောင်း မက်ဂွဲယား ပြော

အနုပညာသတင်းများ

၁။ “ကံကောင်း”ရုပ်ရှင်ဇာတ်ကားကြီးက SEA International Film Festival 2024 မှာ Best Producer Award၊ Best Director Award နဲ့ Best Actor Award ဆုတွေ ရရှိ

၂။ “Me & My Exes SoLo Album” သစ်မှာ ရည်းစားဟောင်းတွေအကြောင်း သိဆိုထားတယ်လို ဖွင့်ဟလာတဲ့ ပိုပို

၃။ စိုင်းစိုင်းက အကယ်ဒမီမင်းသားတစ်ယောက်အဖြစ် လက်ခံလိုရတဲ့ သရုပ်ဆောင်ဂုဏ်ထူးထွက်တယ် ဆိုတဲ့ ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း(ရင်တွင်းဖြစ်)

၄။ ဂန္ထ၀င်တေးသံရှင် မာမာအေး အသက် (၈၂)နှစ်ပြည့် အမှတ်တရ စာအုပ်ပွဲတော်နဲ့ ဂီတဖျော်ဖြေပွဲ ကျင်းပ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိုင်းရယ်မြို့အနီးတန့်ယန်းလမ်းခွဲတွင် စစ်ဘေးရှောင် ပြည်သူများအား MNDAA က မှတ်ပုံတင်စစ်ဆေး၍ ဖမ်းဆီးမှုများလုပ်ဆောင်နေ
Next post ဂန္ထ၀င်တေးသံရှင် မာမာအေး အသက် (၈၂)နှစ်ပြည့် အမှတ်တရ စာအုပ်ပွဲတော်နဲ့ ဂီတဖျော်ဖြေပွဲ ကျင်းပ