မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဆော်လမွန်ကျွန်းစု အသင်းကို ၆ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိ

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည်် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် Continental Futsal Championship 2023 ပြိုင်ပွဲတွင် ဆော်လမွန်ကျွန်းစု အသင်းကို ၆ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဖူဆယ်ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၈၄) တွင်ရပ်တည်နေသော မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် Continental Futsal Championship 2023 ပြိုင်ပွဲအုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ယနေ့ည ၇ နာရီက အင်္ဂလန်၊ ဂျာမနီတို့၏ အထက်တွင်ရပ်တည်နေပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၅၃) ရှိ ဆော်လမွန်ကျွန်းစု အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၆ ဂိုး ၂ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းက ဆော်လမွန်ကျွန်းစုအသင်းကို ၆-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သာ ပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကို ငြိမ်းမင်းစိုးက ရရှိခဲ့သည်။

မြန်မာအသင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့် ရ မရသည် မနက်ဖြန်တွင် ယှဉ်ပြိုင်ကစားမည့် ထိုင်းနှင့် ဆော်လမွန်ကျွန်းစုအသင်းတို့၏ ပွဲပြီးရလဒ်အပေါ်မူတည်နေကြောင်းလည်း သိရသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဩဂုတ် ၁၁ ရက်တွင်လည်းကောင်း၊ တတိယနေရာလုပွဲနှင့်ဗိုလ်လုပွဲစဉ်များကို ဩဂုတ် ၁၃ ရက်တွင်လည်းကောင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မွေးနေ့အလှူ အဖြစ် စတုဒိသာ ကျွေးမွေး ခဲ့တဲ့ သရုပ်ဆောင် ဟိန်းဝေယံ ရဲ့ ညီမ​ဖြစ်သူ အယ်လာရွှေစင်
Next post ညီမနှစ်ယောက်၏ ချစ်ခြင်းမေတ္တာတွေကိုပြသသည့် ပုံရိပ်လေးတွေကို ပြသလာသည့် မေမီကိုကို