နိုင်ငံကျော်တေးသံရှင် စိုင်းဆိုင်မောဝ်၏ နာရေး ယနေ့ပြုလုပ်

နိုင်ငံကျော်တေးသံရှင် စိုင်းဆိုင်မောဝ်၏ နာရေးအခမ်းအနားကို ယနေ့နေ့လယ်(၃:၀၀)နာရီ တွင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုဿာန်၌ ပြုလုပ်ခဲ့ပြီး မိသားစုဝင်များ၊ မိတ်ဆွေများ၊ အနုပညာရှင်အချို့နှင့် ပရိသတ်အချို့တို့ တတ်ရောက်ခဲ့ကြောင်း သိရသည်။

တေးသံရှင်စိုင်းဆိုင်မောဝ်သည် ဇူလိုင် ၁၇ ရက်ညပိုင်းက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကောင်းအထူးကုဆေးရုံ၌ ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

စိုင်းဆိုင်မောဝ်၏ မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ၊ ချယ်ရီသက်သေမောင့်မျက်ရည်၊ တောင်ပြာတန်းကသိတယ်၊ မူဆယ်- နမ့်ခမ်းလမ်းအစရှိသော သီချင်းများ အပါအဝင် တေးသီချင်းများစွာအား ပရိသတ်များစွာက သဘောကျနှစ်ခြိုက် အားပေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၉-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၂၀-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်