မြစ်ကြီးနားရေဘေးအတွက် သိန်း ၅၀ ပဲ လှူလို့ ဝေဖန်ခံနေရတဲ့ စမိုင်းလ်

ပြီးခဲ့တဲ့ အသက် ၄၀ ပြည့်မွေးနေ့မှာ ခင်ပွန်းဖြစ်သူကိုပြည့်မောင်ဆီက ကျပ်သိန်း ၈၀၀၀ ကျော်တန် Hermes အိတ် လက်ဆောင်ရခဲ့တာကြောင့် ခင်ပွန်းဖြစ်သူကို လူပုံအလယ် ထိုင်ကန်တော့နေတဲ့ သရုပ်ဆောင်စမိုင်းလ်ဟာ မြစ်ကြီးနားရေဘေးကိုတော့ ဒေါ်လာ ၁၂၀၀ လောက်ပဲရှိတဲ့ ကျပ်သိန်း ၅၀ ပဲ လှူတာကြောင့် လူမှုကွန်ရက်မှာ ဝေဖန်ခံနေရတာကို တွေ့ရှိရပါတယ်။

မြန်မာစံတော်ချိန် ဇူလိုင် ၄ ရက် ည ၉ နာရီကျော်အချိန်မှာ Seng Hpung ဆိုတဲ့ အကောင့်ကနေ မြစ်ကြီးနားရေဘေး အတွက် စမိုင်းလ်က “ဦးဆိုင်းဖုန်းနှင့် အသင်းတော်မှ မိခင်များ”ကတစ်ဆင့် ကျပ်သိန်း ၅၀ လှူဒါန်းတာကို စမိုင်းလ် အသုံးပြုနေတဲ့ စမိုင်းလ် Smile အကောင့်ကိုပါ Tag တွဲ ဖော်ပြခဲ့တာပါ။

အမေရိကန်မှာ နေထိုင်ပြီး သိန်းထောင်သောင်းချီတန်တဲ့တန်ဖိုးကြီးအိတ်တွေနဲ့ တန်ဖိုးကြီး Branded ပုံစံမျိုးစုံနဲ့ စည်းစိမ် ခံပြမှုတွေကြောင့် လူသိပိုပိုများလာတဲ့ စမိုင်းလ်က မြစ်ကြီးနားရေဘေးကြမှ ဒေါ်လာ ၁၂၀၀ လောက်ပဲလှူတာကို ဝိုင်းဝန်း ဝေဖန်ခဲ့ကြတာပါ။

တချို့ကလည်း စမိုင်းလ်က LGBTQ တွေကို ဒေါ်လာ ၁၀၀၀၀ လှူပြီး ပြည်သူသောင်းချီဒုက္ခရောက်နေရတဲ့ မြစ်ကြီးနား ရေဘေးကြမှ ဒေါ်လာ ၁၀၀၀ လောက်ပဲလှူတာကို ဝေဖန်ကြတာပါ။ စမိုင်းလ်အကောင့်ကို Tag တွဲထားတဲ့ Seng Hpung အကောင့်အောက်မှာ မန့်သူတွေကလည်း စမိုင်းလ် ပြန်ဖျက်သွားတယ်ဆိုတဲ့ ဦးဆိုင်းဖုန်းတို့ ဂုဏ်ပြုလွှာကို ပို့စ်တင်ပြီး “လှူနေတာကို ဘေးထိုင် စစရကမတဲ့တိုင်းပြည် ဒါနောက်ဆုံး လှူတာပဲ bye” ဆိုတဲ့ စမိုင်းလ်တင်ခဲ့တဲ့ Screenshot နဲ့ စမိုင်းလ်ကို Mention ပြန် လုပ်နေတာ တွေ့ရပါတယ်။

အဲဒီလို မန့်တဲ့ လူရာချီထဲမှာ ကျော်ကိုကိုထက်ဆိုတဲ့အကောင့်ပိုင်ရှင်က “ပြန်လွဲပေးလိုက်ပါ အဲ့ပိုက်ဆံတွေနဲ့ ပြည်သူတွေကိုကူညီရင်လဲ ရွံစရာကောင်းတယ် ကိုတွေ ဒေသခံတွေ အဲ့ထက် အစပေါင်းများစွာ လှူနိုင်ပါတယ် ဒီးလောက်လေးနဲ့စော်ကားမခံပါနဲ့ ကချင်ပြည်နယ်ရဲ့ဂုဏ်သိက္ခာကိုပြရမယ် ကချင်ကလူတွေရဲ့ဂုဏ်သိက္ခာကိုအကျမခံပါနဲ့ ဂုဏ်သိက္ခာကို ထိန်းပေးပါ(သတ်ပုံမူရင်း) လို့ မှတ်ချက်ပေးထားသလို မေစိုး နာမည်နဲ့ Fb သုံးသူကလည်း “သူ့အနေအထားကြီးနဲ့ သူတို့အိမ်သာသုံးစက္ကူဖိုးလောက်တောင်မရှိတဲ့ သိန်း၅၀ကို ခွေးပေးသလိုပေးပြီး နှိမ်နေတာကို ဝမ်းသာအားရ ကျေနပ်နေတဲ့ဟာတွေကိုပဲ အံ့ဩတယ်(သတ်ပုံမူရင်း)”လို့ မှတ်ချက်ပေးထားတာကိုလည်း တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၅-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post မြန်မာ့လက်ရွေးစင် ယူ -၁၂ ကစားသမား ရွေးချယ်ပွဲ ရန်ကုန်တွင် ယနေ့ စတင်ပြုလုပ်