အောက်ဆီဂျင် ရုပ်ရှင်ဇာတ်ကားကြီး 𝐏𝐫𝐞𝐦𝐢𝐞𝐫 𝐒𝐡𝐨𝐰 ကျင်းပ

ဇူလိုင် လ (၂)ရက်နေ့ ညနေ၅နာရီအချိန် သမ္မတရုပ်ရှင်ရုံမှာ အောက်ဆီဂျင်ရုပ်ရှင်ဇာတ်ကားကြီး 𝐏𝐫𝐞𝐦𝐢𝐞𝐫𝐞 𝐒𝐡𝐨𝐰 အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အောက်ဆီဂျင်ရုပ်ရှင်ဇာတ်ကားကြီးကို လပ်ကီးဆဲဗင်း ရုပ်ရှင် ထုတ်လုပ်ရေးက မအေးအေးဝင်းစီစဉ်တင်ဆက်ပြီး ဒါရိုက်တာ နေပိုင်ရိုက်ကူးပုံဖော်ထားသော ဇာတ်ကားဖြစ်ပါတယ်။

အောက်ဆီဂျင်ရုပ်ရှင်ဇာတ်ကားကြီး 𝐏𝐫𝐞𝐦𝐢𝐞𝐫𝐞 𝐒𝐡𝐨𝐰 သို့ ဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့ အကယ်ဒမီမြင့်မြတ် ၊ မိုးအောင်ရင် ၊ နေနော် ၊ ဆောင်းဝတ်ရည်မေ ၊ မာယုသာ အစရှိတဲ့အနုပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။ အောက်ဆီဂျင် ရုပ်ရှင်ဇာတ်ကားကြီးသည် 𝐃𝐫𝐚𝐦𝐚 𝐋𝐨𝐯𝐞 𝐬𝐭𝐨𝐫𝐲 ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဇူလိုင်လ(၅)ရက်နေ့မှစ၍ တစ်ပြည်လုံး ရုံတင်ပြသပါမည်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post လားရှိုးတွင် လက်နက်ကြီးကျည်ကျရောက်သဖြင့် ဒေသခံ (၇)ဦး အသက်ဆုံးရှုံး