PDF နှင့် TNLA တို့က ရှော့တိုက်ဒုံးဖြင့်ပစ်၍ က်ိုရင်တစ်ပါး၊ အဘွားအိုတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦးသေဆုံး၊ ကိုရင်လေးပါးအပါအဝင် ခုနစ်ဦးဒဏ်ရာရ

မိုးကုတ်နှင့် ရေစကြိုမြို့နယ်တို့တွင် ​PDF နှင့် TNLA တို့က ရှော့တိုက်ဒုံးဖြင့်ပစ်၍ က်ိုရင်တစ်ပါး၊ အဘွားအိုတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦးအပါအဝင် သုံးဦး သေဆုံးကာ၊ ကိုရင်လေးပါးအပါအဝင် ခုနစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာ သို့ PDF အဖွဲ့က Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ဗုံးသီးများ ကျရောက် ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် မဇူးရတီနိုင်(၈)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးအောင်ငွေ၊ ဒေါ်တင်ဝေနှင့် ဒေါ်သင်းသင်းမော်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ ည ၆ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရှောလီဝိုင်း ရပ်ကွက်သို့ TNLA ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက် အတွင်း ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါရပ်ကွက်နေ ဒေါ်ဘီရှနူးမာယာ (၈၁)နှစ်နှင့် ဥယျာဉ်ဘုန်းကြီးကျောင်းမှ ကိုရင် ရှင်ကုမ္မာန်(ခ)ကျော်ဌေး(၁၄)နှစ် (၁)ဝါ တို့တွင် ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ရှင်ကုမာရ(၁၇)နှစ်(၂)ဝါ၊ ရှင်ဥတ္တရ (ခ) အောင်ဌေး(၁၄)နှစ် (၁)ဝါ၊ ရှင်အာလောက(၁၃)နှစ် (၁)ဝါ၊ ရှင်ကုသလ(ခ)ကျော်မင်းထက် (၁၄)နှစ် (၁)ဝါတို့ လေးပါးတွင် ပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ သေဆုံးဒဏ်ရာရရှိသူများအား မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃၀-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၃၀-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ