လက်ရှိအသက်အရွယ်အရ အချစ်ဇာတ်လမ်း ရိုက်ချင်တယ် ဆိုတဲ့ မေမြင့်မိုရ်

မုန်းခွင့် ” ရုပ်ရှင်ဇာတ်ကားကြီးများဖြင့် (၂၀၂၃) ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသမီး ဇာတ်‌ပို့ဆု ကိုဆွတ်ခူးရရှိခဲ့တဲ့ ရရှိခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ မေမြင့်မိုရ်ကတော့ လက်ရှိအသက်အရွယ်အရ အချစ်ဇာတ်လမ်း ရိုက်ချင်ပါတယ် ဆိုပြီး အင်တာဗျူး တစ်ခုမှာ ပရိသတ်တွေကို ပြောလာတာ ဖြစ်ပါတယ်။

အနုပညာသက် (၁၂) နှစ် အတွင်းမှာ အခက်အခဲတွေ၊ အတိုက်အခိုက်တွေ အများကြီး ရှိကိုဖြတ်သန်းပြီး ပရိသတ် အသိအမှတ်ပြုခံရအောင် ကြိုးစားလာသော မေမြင့်မိုရ်ကတော့ “အချစ်ဇာတ်လမ်းကတော့လေ မေလေးတို့ အသက်အရွယ်နဲ့ ဆိုရင် အချစ်ဇာတ်လမ်းကတော့ ဟိုပရိသတ်လည်း ကြိုက်မယ် ကိုယ့်ကိုယ်တိုင်လည်း သရုပ်ဆောင်ချင်တယ်ပေါ့နော်။ ကိုယ့်ရဲ့ရောက်နေတဲ့ အသက်အရွယ်နဲ့ဆိုရင် အဲ့လိုအချစ်ဇာတ်လမ်းလေးတွေ Romance ဆန်တဲ့ဟာမျိုးလေးတွေနဲ့လည်း လိုက်ဖက်တယ်လို့ မြင်တယ်ပေါ့နော်။ ကိုယ်ဒီထက်အသက်အရွယ်တစ်ခုရောက်လာရင်ကြတော့လည်း အဲ့ဒါနဲ့လိုက်ဖက်တဲ့ ဇာတ်ကောင်မျိုးတွေပေါ့နော်” သရုပ်ဆောင်ချင်တယ်လို့ အကယ်ဒမီ မေမြင့်မိုရ် က ပြောကြားလာတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်သူအများစုသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိသူများ ဖြစ်၍ နိုင်ငံတော်၏ ပညာရေးကိုသာ အဓိကအားကိုးနေရ ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား
Next post (၂၆-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ