ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်ခဲ့တဲ့ Happily Ever After Wedding Fair 2024

Happily Ever After Wedding Fair 2024 ကို ဇွန်လ (၂၂) ရက် နှင့် (၂၃) ရက် (၂) ရက်တိုင်တိုင် ရန်ကုန်မြို့ Park Royal Hotel မှာ ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Happily Ever After Wedding Fair 2024 ပွဲကြီး အတွင်းမှာတော့ Retro Vibe နဲ့ Modern Concept Decoration များကို ရောယှက် ဖန်တီးထားတာဖြစ်ပြီး ဒီဇိုင်နာကိုသာဂိ ရဲ့ ကိုသာဂိ – Studio & Wedding Service Center , ဒီဇိုင်နာမြပွင့်ဖြူ Designer Mya Pwint Phyu Ladies’ Heart fashion နှင့် Desi Villa (Indian Fashion Shop) တို့၏ Asian | Myanmar | Chinese | India & Western Dress များကိုလဲ ထည့်သွင်းပြသခဲ့တာဖြစ်ပြီး Main Sponsor အနေနဲ့ စိန်နန်းတော် မှာ ကူညီပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။

အဆိုပါ Wedding Show ပွဲ မှာတော့ နိုင်ငံကျော် အနုပညာရှင်တွေဖြစ်တဲ့ ဟိန်းရတု၊ လပြည့်၊ ဘုန်းလျှံတို့ ဇနီးမောင်နှံ၊ ဟိန်းတေဇ၊ ရွှေစင်၊ ဟန်နီစုစံ၊ မြသဉ္ဇာလီ၊ ဗီဗာဟိန်း၊ ရတနာမိုင်၊ အိမ့်ဂျူရီမွန်၊ မြယာ၊ ကျော်ကျော်အိန္ဒြာ ၊ ဝင့်ရတနာလင်း၊လှမျိုးသဉ္ဇာနွယ်နှင့် မမဆောင်း စတဲ့သူတွေ‌က ဝတ်စုံတွေ ဝတ်ဆင်ပြသခဲ့ပြီး တေးသီချင်းတွေနဲ့လည်း သီဆိုဖျော်ဖြေခဲ့ ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မန္တလေးမြို့၌ ICON KTV မီးလောင်
Next post (၂၄-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ