ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်သွားစေတဲ့ စိုးမြတ်နန္ဒာရဲ့သားလေး မြတ်သောမောင်ရဲ့ ဓာတ်ပုံ

မင်္ဂလာပါ ပရိသတ်ကြီး ဒါဒါလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီး စိုးမြတ်နန္ဒာကတော့ အခုအချိန်ထိ ပရိသတ်အားပေးမှုကို ရရှိနေဆဲ အကယ်ဒမီဆုရှင် မင်းသမီးတစ်လက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ သူမရဲ့တစ်ဦးတည်းသောသားလေး မြတ်သောမောင်နဲ့ ပတ်သက်ပြီး ဘွဲ့ယူပွဲတက်ရောက်သော မိခင်ဖြစ်သူရဲ့ ဓာတ်ပုံလေးတင်လာတာကြောင့် ပရိသတ်တွေက သူမကိုယ်သာမကပဲ သူမရဲ့သားလေး မြတ်သောမောင်ကိုပါ စိတ်ဝင်စားမှုရှိလာကြတာပဲ ဖြစ်ပါတယ်…ဒါပေမယ့် သိပ်မကြာဆိုသလို လူမှုကွန်ယက်စာမျက်နှာကနေ မြတ်သောမောင်ရဲ့ အပြင်ပန်းနေထိုင်မှုပုံစံတွေက ပျံ့နှံ့နေလျက်ရှိတာပဲဖြစ်ပါတယ်။ မြတ်သောမောင်ရဲ့ နေထိုင်မှုပုံစံကတော့ နွဲ့နွဲ့နှောင်းနှောင်း ဖြစ်နေသောကြောင့် ပရိသတ်တွေ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ပြီး ဝေဖန်မှုများ မြင့်တက်လာတာပဲ ဖြစ်ပါတယ်။

မြတ်သောမောင်ကတော့ ငယ်စဉ်ကတည်းက အဖေဖြစ်သူ ဖြိုးကြီးနဲ့ မနေရပဲ အမေဖြစ်တဲ့ စိုးမြတ်နန္ဒာနဲ့ အဒေါ်တွေနဲ့ နေထိုင်ခဲ့ရသူ တစ်ယောက်ဖြစ်တာကြောင့်ဆိုပြီး ဝေဖန်မှု မြင့်တက်နေတာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြတ်သောမောင်ဟာ လူသားထဲက လူတစ်ယောက်ဖြစ်တာကြောင့် သူရဲ့ဖြစ်တည်မှုလေးတွေကို အားလုံးက လေးစားပေးရမှာ ဖြစ်ပါတယ်နော်…

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဆန်စပါးအသင်းချုပ်အားခေါ်ယူစစ်ဆေးပြီးနောက်ဆန်များကိုရည်ညွှန်းဈေးဖြင့် မနက်ဖြန် စတင်ရောင်းချပေးမည်
Next post (၂၄-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်