အသင်းပေါင်း(၅၀)မှ ကစားသမားပေါင်း(၈၀၀)ဝင်ရောက်ယှဉ်ပြိုင်နေသည့် Futsal Amateur Cup 2024 ပြိုင်ပွဲ စတင်

ဇွန်လ ၂၃ ရက်

အသင်းပေါင်း(၅၀)မှ ကစားသမားပေါင်း (၈၀၀)ဝင်ရောက်ယှဉ်ပြိုင်နေသည့် Futsal Amateur Cup 2024 ပြိုင်ပွဲကို ယမန်နေ့ ဇွန်(၂၂) က စတင်ခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်ထံက သိရပါတယ်။

ယမန်နေ့က စတင်ခဲ့သည့် အဆိုပါပြိုင်ပွဲတွင် Combine Team နှင့် Bushido Team တို့ အဖွင့်ပွဲစဉ်အတွင်း Combine Team က (၇)ဂိုး(၃)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ပြိုင်ပွဲတွင် ကွာတားဖိုင်နယ် အဆင့်တက်ရောက်ခွင့် ရရှိသော အသင်းများအနေဖြင့် MFF Futsal Championship 2024 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်သော အသင်းနှစ်သင်းသည် MFF Futsal League II 2024 ပြိုင်ပွဲသို့ ဝင်ရောက်ကစားနိုင်မည့် အခွင့်ရေးရရှိမည် ဖြစ်ပါတယ်။

ပြိုင်ပွဲ၏ အုပ်စု အဆင့်ပွဲစဉ်များကို ဇွန် (၂၂)မှ ဇူလိုင် (၈ )ရက် အထိလည်းကောင်း၊ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များကို ဇူလိုင် (၁၀) ရက်မှ (၁၄ )ရက် အထိ လည်းကောင်း၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇူလိုင် (၁၆) ရက်တွင် လည်း ကောင်း၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဇူလိုင် (၁၈) ရက်တွင် လည်းကောင်း ကျင်းပသွားမည် ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပဲခူးမြို့ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး၏ ဈာပနသို့ သီတဂူဆရာတော်ကြီး ကြွရောက်
Next post (၂၃-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်