ထိုင်းနိုင်ငံသို့ ယုံကြည်ရသည့် အေဂျင်စီနှင့်ချိတ်ဆက်ပြီးမှသာ တရားဝင်လာရောက်ကြရန် တိုက်တွန်း

ထိုင်းနိုင်ငံက တရားမဝင် ဝင်ရောက်မှုများကို လုံခြုံရေးတိုးမြှင့်ကာ ဖမ်းဆီးမှုများ ရှိနေသည့်အတွက် ယုံကြည်ရသည့် အေဂျင်စီနှင့် ချိတ်ဆက်ပြီးမှ တရားဝင်လာရောက်ကြရန် မြန်မာအလုပ်သမားရေး ဆောင်ရွက်သူတစ်ဦးက တိုက်တွန်းပြောကြားထားသည်။

ထိုင်းနိုင်ငံတွင် လုံခြုံရေးများ ပိုမိုးတိုးမြှင့်ထားပြီး မသင်္ကာဖွယ်လူစုတွေ ဝင်လာတယ်ဆိုတဲ့ သတင်းပေးဖို့တွေကအစ အသိပညာပေး နှိုးဆော်တာတွေ လုပ်ဆောင်လာနေပြီး ဝင်လာမယ့် လမ်းကြောင်းမှာ ရှောင်တခင် စစ်ဆေးရေးဂိတ်ချကာ စစ်ဆေးတာမျိုးတွေ ပိုလုပ်လာနေတယ်လို့ ၎င်းက ပြောပါသည်။

ထို့ကြောင့် MoU စနစ်ဖြင့် တရားဝင်လမ်းကြောင်းမှ သွားရောက်စေလိုကြောင်း၊ MoU စနစ်ကို အမှန်တကယ် လိုက်နာပြီး ကျင့်သုံးသည့် အေဂျင်စီများနှင့် စက်ရုံများသို့ ရောက်သည့် အလုပ်သမားများက MoU စနစ်ကောင်းကျိုးကို ခံစားရပြီး ယုံကြည်ရသည့် အေဂျင်စီကို အဓိကထား ရွေးချယ်ရန်လိုအပ်ကြောင်းလည်း ၎င်းက အကြံပြုထားသည်။

ထိုင်းကို လာမည်ဆိုပါက အကူအညီတောင်းခံနိုင်မည့် သက်ဆိုင်ရာအာဏာပိုင်များ၏ ဖုန်းနံပါတ်များကိုလည်း တစ်ပါတည်း မှတ်သားလာရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းအကြံပြုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၁-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post Follower တွေနဲ့ အတူတူ Series ရိုက်မယ့် Porn Star Violet