” အတ္တကမ်းပါး ” ဇာတ်ကားကြီး ကန်တော့ပွဲပေး ကျင်းပ

‌” မြနန်းတော်ဝင် ရုပ်ရှင်ထုတ်လုပ်ရေး ” မှ ” ဆွေဦး” စီစဉ် ထုတ်လုပ်ပြီး ဝတ္ထု – ပုဏ္ဏမီ , ဇာတ်ညွှန်း – ညမွှေးပန်း , ငွေစင်သွန်း , ဒါရိုက်တာ – ဟိန်းစိုး ရိုက်ကူးမည့် ” အတ္တကမ်းပါး ” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးခြင်း အခမ်းအနားကို ယနေ့ ဇွန်လ (၂၀) ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး , ပုစွန်တောင်မြို့နယ်ရှိ ရွှေဘုန်းပွင့်ဘုရားမှာ ကျင်းပခဲ့ပါသည်။

ကန်တော့ပွဲပေး အခမ်းအနားကို ပါဝင် သရုပ်ဆောင် ထားကြသော အနုပညာရှင်များဖြစ်သည့် ရှင်မွေလ , အကယ်ဒမီ မေမြင့်မိုရ် , ဝေလာရီ , ခိုင်နှင်းဝေ , သု‌န္ဒြေဦး , မင်းသူ , ဇော်ဝင်းနိုင် , ဝင်းမင်းသန်း , ကလေးသရုပ်ဆောင် သွန်းပြည့်သဒ္ဒါစံ နှင့် အနုပညာရှင်များစွာ , အတတ်ပညာရှင်များစွာက ဂုဏ်ပြု တက်ရောက်ခဲ့ကြပါတယ်။

‘အတ္တကမ်းပါး’ ရုပ်ရှင်ဇာတ်ကား မှာ သားကို အရမ်းချစ်တဲ့ အတ္တကြီးတဲ့ ရှင်မွေလ ရဲ့ အမေ အဖြစ်နဲ့ သရုပ်ဆောင်ထားပြီး ချွေးမတွေ ဖြစ်လာမယ့် မေမြင့်မိုရ်၊ ဝေလာရီ တို့နဲ့ တည်ရမယ့် ဇာတ်ပါ’ လို့ သရုပ်ဆောင် ခိုင်နှင်းဝေ က ပါဝင်သရုပ်ဆောင် ရမည့် ဇာတ်အိမ်အကြောင်း DBN ပရိသတ်တွေအတွက် ပြောပြလာတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Nalanda University ၏ Campus အသစ်ဖွင့်ပွဲသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်
Next post (၂၁-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်