အနုပညာကြေး အမြင့်ဆုံးရ ဘောလီးဝုဒ် စတားများ

၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အိန္ဒိယ မင်းသားမင်းသမီးတွေထဲ အနုပညာကြေး အမြင့်ဆုံးရသူ ၂၀ ဉီး စာရင်းမှာ ရှာရွခ်ခန်းနဲ့ ဒီပီကားက ထိပ်ဆုံးမှာရှိနေကြောင်း Business Inside India ဆိုဒ်ရဲ့အစီရင်ခံစာမှတ်တမ်းကို ကိုးကားပြီး မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အနုပညာကြေး အမြင့်ဆုံးရတဲ့ မင်းသားတွေထဲမှာ ဘောလီးဝုဒ် စတား ရှာရွခ်ခန်းက နံပါတ် ၁ ဖြစ်ပြီး အိန္ဒိယတောင်ပိုင်း မင်းသား ရာဂျ်နီကန်က နံပါတ်၂၊ ဗီဂျေးအကြီးက နံပါတ် ၃ နေရာတို့မှာ ရှိနေပါတယ်။ အနုပညာကြေး အမြင့်ဆုံးရတဲ့ မင်းသမီးတွေထဲမှာ ဒီပီကားက နံပါတ် ၁ ဖြစ်ပြီး ကန်ဂနားက နံပါတ်၂၊ ပရီရန်ကားက နံပါတ် ၃ နေရာတို့မှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ရှာရွခ်ခန်းနဲ့ ဒီပီကားတို့ဟာ ဝင်ငွေအများဆုံးရတဲ့ အိန္ဒိယ မင်းသားမင်းသမီး အဖြစ် အစိုးရကို အခွန် အများဆုံးဆောင်တဲ့စတား စာရင်းမှာ ထိပ်ဆုံးမှာရှိနေခဲ့ကာ ၂၀၂၄ မှာလည်း ထိပ်ဆုံးမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၉-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post အပျော်တမ်း ပြည်တွင်းဘောလုံးကလပ် အသင်း(၅၀)ပါဝင်သည့် အုပ်စု(၁၀)စု၏ ဖူဆယ်ပြိုင်ပွဲ ဇွန် (၂၂)ရက်တွင် စတင်မည်