(၁၆-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၆-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ လာမယ့် ၂၀၂၅ ခုနှစ်တွင် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

၂။ လွိင်ကော်မြိုတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲဝင်များက နယ်မြေရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေ

၃။ ထိုင်းအစိုးရ၏ စီမံချက်အရဖမ်းဆီးမှုအတွင်း မြန်မာနိုင်ငံသား ၂၀၀၀၀ ကျော် အဖမ်းခံရ

၄။ KIA/ PDF ပူးပေါင်းအဖွဲတွေကို ချေမှုန်းဖို “စစ်မိန့်” ပေးပြီးနောက် ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်ပြည်သူအချင်းချင်းကြားမှာ ဖြစ်နေတဲ့တိုက်ပွဲကို ရပ်ပေးကြဖို ဦးဇခုန်တိန့်ယိန်း ထပ်မံထုတ်ပြန်

၅။ မန္တလေးမြိုပေါ်ရှိ Sky နှင့် Paradise မိုဘိုင်းလ်ဖုန်းဆိုင် နှစ်ဆိုင်အတွင်းသို ဓားရှည်များကိုင်ဆောင်ဝင်ရောက်ကာ ဖုန်းများလုယက်ယူဆောင်ခဲ့သူ တရားခံများ ဖမ်းမိ

၆။ ငါးနှစ်သမီးကို မုဒိန်းကျင့်ရန်ကြံစည်ပြီး ကျောက်ခဲဖြင့် ထုသတ်ကာ နားကပ်လုယက်မှု ပန်းတောင်းမြိုနယ်တွင် ဖြစ်ပွားခဲ့ပြီး တရားခံ ဖမ်းမိ

၇။ ယခင်ကြိုပင်ဝိုင်းအုပ်စုအုပ်ချုပ်ရေးမှူးကို မေလကုန်က သတ်ဖြတ်ထားသည့် ပေါင်းတည် PDF က ဆက်လက်တာဝန်ယူသူကိုပါ ထပ်မံသတ်ဖြတ်လိုက်ကြောင်း သိရ

၈။ ဇွန်လ ၁၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၆၂၉,၅၅၁ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၅၁၅ ကျပ်၊ Octane 95 – ၂၆၄၅ ကျပ်၊ Diesel – ၂၃၀၅ ကျပ်၊ Premium Diesel – ၂၇၀၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်ခံရန် ဟားမာ့စ်အဖွဲကို ဂျီ-၇ ခေါင်းဆောင်များ တိုက်တွန်း

၂။ ယူကရိန်းအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လိုပါက ရုရှားကို လက်နက်ချအညံ့ခံရန် ရုရှားသမ္မတ ဗလာဒီမာပူတင် တောင်းဆို

၃။ တောင်တရုတ်ပင်လယ်တွင် ကျူးကျော်ဝင်ရောက်သည့် ပြည်ပနိုင်ငံသားများကို ဖမ်းဆီးထိန်းသိမ်းခွင့်ရှိသော တရုတ်ကမ်းခြေစောင့်တပ်၏ စည်းမျဉ်းသစ်များ စတင်အသက်ဝင်

၄။ သိမ်းယူထားသော ရုရှားပစ္စည်းဥစ္စာများဖြင့် ယူကရိန်းကိုထောက်ပံ့ရန် ဂျီ-၇ အုပ်စုဆုံးဖြတ်မှုက တရားမဝင်ကြောင်း ရုရှားသံအမတ် ပြောကြား

၅။ ရုရှား မပါသော ယူကရိန်းငြိမ်းချမ်းရေး ထိပ်သီးညီလာခံ စတင်ဖွင့်လှစ်

၆။ သင်္ဘောနှစ်စင်း တိုက်မိကာ ရေနံယိုဖိတ်မှုပေါ်ပေါက်ခဲ့တာကြောင့် စင်ကာပူ အပန်းဖြေကျွန်းကမ်းခြေ ဆန်တိုဆာကို ပိတ်လိုက်ရ

အားကစားသတင်းများ

၁။ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းက ယူ-၂၀ ရခိုင်ယူနိုက်တက်အသင်းကို လေးဂိုးပြတ်ဖြင့် အနိုင်ရ

၂။ ဂျာမနီပရိသတ်တွေ အင်္ဂလန်အသင်းပေါ် မုန်းတီးမှုတွေ လျော့ပါးလာပြီလို့ ဆိုလိုက်တဲ့ ဟယ်ရီကိန်း

၃။ ရလာတဲ့အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချပြီး ခရိုအေးရှားကို ဂိုးမိုးရွာခဲ့တဲ့ စပိန်

၄။ EURO2024 အဖွင့်ပွဲစဥ်မှာတော့ ဂျာမနီအသင်းဟာ စကော့တလန်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိူင်ရရှိခဲ့

၅။ ခံစစ်အမှားတွေကြောင့် ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရတဲ့ ဟန်ဂေရီ

အနုပညာသတင်းများ

၁။ သက်ကြီးဟာသပညာရှင်ကြီးများကို ၁၄ ကြိမ်မြောက်ထောက်ပံ့ရေး ရန်ပုံငွေရှာဖွေပွဲ လာမည့် ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်တွင် ကျင်းပမည်

၂။ အလင်းရောင်ကို အနီးကပ်ကြည့်လို ထိလိုရတာက မင်းသမီးတစ်ယောက် ဘုန်းကံဆိုတဲ့ ထက်ထက်ထွန်း

၃။ Exo အဖွဲဝင် ချန်း၊ ဘက်ဟွန်းနှင့် ရှူမင်းတိုက အမြတ်ငွေခွဲဝေမှုနှင့်ပတ်သက်၍ SM Entertainment ကို တရားစွဲဆိုရန် စီစဉ်နေ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လာမည့်နှစ်အတွင်း လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Next post (၁၆-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ