ရတနာပုံရိပ်ငြိမ် ဘုန်း​တော်ကြီးသင်စာသင်​ကျောင်းမှာ မွေးနေ့အလှူပြုလုပ်ခဲ့တဲ့ နေဆန်း

ပရိသတ်အားပေးမှုရရှိထားတဲ့ သရုပ်ဆောင် နေဆန်းရဲ့ ယနေ့ ဇွန်လ ၁၄ ရက်မှာကျရောက်တဲ့ မွေးနေ့အလှူအနေနဲ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရတနာပုံရိပ်ငြိမ်ဘုန်း​တော်ကြီးသင်စာသင်​ကျောင်းမှာ အလှူအတန်းပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ ဒီနေ့မွေးနေ့မှာ သံဃာ‌တွေနဲ့ စာသင်သား ၁၂၀ စာအတွက် နယူးချစ်တီးဒံ​ပေါက်နဲ့​ ပေါင်မုန့်တွေ လှူဖြစ်တယ်။ ဒီလို နှစ်စဥ်​မွေး​နေ့အလှူလေးအဖြစ် လှူဒါန်းလာခဲ့တာဆိုရင် ဒီနှစ်နဲ့ဆိုရင် ၁၃ နှစ်တိုင်ခဲ့ပြီ​လေ။ မွေးနေ့တိုင်မှာ အမြဲတမ်း အလှူအတန်းတွေလုပ်ရင်းဖြတ်သန်းရတာ ပီတိလည်းဖြစ်ရပါတယ်” လို့ သရုပ်ဆောင် နေဆန်းကပြောပါတယ်။

သူဟာ မွေးနေ့အလှူအနေနဲ့ ရတနာပုံရိပ်ငြိမ် ဘုန်း​တော်ကြီးသင်စာသင်​ကျောင်းမှာ သံဃာ‌တွေနဲ့ စာသင်သား ၁၂၀ စာအတွက် နယူးချစ်တီးဒံ​ပေါက် နဲ့​ ပေါင်မုန့်တွေလှူဒါန်းခဲ့တဲ့အပြင် ဒံ​ပေါက်ပွဲ ၈၀ ကိုလည်း သွားရာ လမ်း​တ​စ်လျှောက်ကြုံတဲ့သူတွေကို​ မွေး​နေ့ကုသိုလ်အဖြစ်လှူဒါန်းခဲ့ပါတယ်။

သရုပ်ဆောင် နေဆန်းဟာ တစ်ချိန်က ရုပ်ရှင်ဇာတ်ကားတွေကြောင့် ပရိသတ်ချစ်ခင်မှုများစွာရရှိထားသလို လက်ရှိအချိန် ထိလည်း ရုပ်ရှင်ကားတချို့နဲ့ ဇာတ်လမ်းတွဲ တချို့​ကြောင့် ပရိသတ်ချစ်ခင်မှုကို ရရှိထားတာလည်းဖြစ်ပါတယ်။ သူဟာ ကိုယ်ပိုင်စီးပွားရေးအနေနဲ့ “နယူးချစ်တီး” ထမင်းဆိုင်ကိုလည်း ဦးဆောင်နေသူ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၅-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၅-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ