(၁၃-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၃-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ UAE သံအမတ် နှင့် သီရိလင်္ကာနိုင်ငံ သံအမတ်တို့ နစက ဥက္ကဋ္ဌ ထံသို့ ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများ ပေးအပ်

၂။ ရန်ကုန်တိုင်းဒေသကြီး အင်းတိုင်တပ်နယ်နှင့် တိုက်ကြီးတပ်နယ်တို့တွင် သင်တန်းတက်ရောက်နေသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ တွေ့ဆုံ

၃။ တရုတ် အစိုးရက မြန်မာကို ကင်းလှည့်ရေယာဥ် (၆) စီးထောက်ပံ့ပေးအပ်

၄။ 5 G ကွန်ရက်သစ်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ နေရာအချို့တွင် ဇွန်လအတွင်း အသုံးပြုနိုင်တော့မည်ဟု MPT ထုတ်ပြန်

၅။ AA အနေဖြင့် ပလက်ဝရှိ ချင်းအမျိုးသမီးများကို ဖမ်းဆီးမုဒိမ်းကျင့်ကာ ကိုယ်ဝန်ဖြင့် ပြန်လွှတ်သည့်လုပ်ရပ်များအပါအဝင် ရာဇဝတ်မှုများစွာကိုကျူးလွန်နေဟု GKO ထုတ်ဖော် အသိပေး

၆။ ပန်ဆယ်လို၏ The Key က ဥပဒေချိုးဖောက်နေသည့်အပြင် NUG ဘက်တော်သားများကိုပါ MLM စနစ်ဖြင့် လိမ်လည်မှုဖြစ်လာနေ

၇။ မဲဆောက်မြို့ရှိ PDF ထောက်ပို့ရုံးခန်းတစ်ခုအား ထိုင်းအာဏာပိုင်များက ဝင်ရောက်ရှာဖွေခဲ့ပြီး ရုံးခန်းအား ဖျက်သိမ်း

၈။ ဇွန်လ ၁၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၆၅၈,၆၄၁ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၄၉၅ ကျပ်၊ Octane 95 – ၂၆၁၅ ကျပ်၊ Diesel – ၂၃၀၅ ကျပ်၊ Premium Diesel – ၂၃၅၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ရုရှားနှင့် ဆက်ဆံသည်ဟု အစွပ်စွဲခံထားရသော တရုတ်ဘဏ်ငယ်များကို G7 နိုင်ငံများက သတိပေးရန် စီစဉ်နေဟုဆို

၂။ ဝန်ကြီးဟောင်းစျာပနသို့ အသွား လေယာဉ်ပျက်ကျ၍ မာလာဝီ ဒု-သမ္မတ အပါအဝင် အခြား ကိုးဦးလုံး ဆုံးပါးသွား

၃။ ရုရှားနဲ့ ဘီလာရုစ်တို့ နည်းဗျူဟာမြောက် နျူကလီးယား စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့် စတင်

၄။ တရုတ်က ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာရင် ထိုင်ဝမ်ရေလက်ကြားကို “ငရဲပြည်” ဖြစ်သွားအောင် လုပ်ပစ်မယ်လို့ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးပြော

၅။ ရုရှားနိုင်ငံဟာ မြောက်ကိုရီးယားရဲ့ “အလွန်ခိုင်မာတဲ့ သွေးသောက်ရဲဘော်တစ်ဦး” ဖြစ်ကြောင်း ကင်ဂျုံအန် ပြော

၆။ ဂါဇာကမ်းမြောင်အတွက်လုံခြုံရေးကောင်စီ၏ အပစ်အခတ်ရပ်စဲရေးအဖြေကို ဟားမတ်စ်ကြိုဆို

အားကစားသတင်းများ

၁။ အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် သစ္စာအားမာန်အသင်းနှင့် ISPE အသင်းတို အနိုင်ရရှိ

၂။ ယူရိုပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ သက်သေပြသွားတဲ့ စီရော်နယ်ဒို

၃။ ဖိလစ်ပိုင် လက်ဝှေ့ကျော်ပက်ကွီအိုအား ရိုးရာလက်ခမောင်းခတ်ခိုင်းခဲ့သည့်အပေါ် ခွန်ခမာလက်ဝှေ့အဖွဲချုပ်က ဒေဝအား ပြစ်တင်ရှုတ်ချ၊ ခွန်ခမာကွင်းများသို လာရောက် ယှဉ်ပြိုင်ထိုးသတ်ခွင့် ပိတ်ပင်

၄။ ယူရိုချန်ပီယံဆုအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ဆိုလိုက်တဲ့ တိုနီခရူးစ်

၅။ ယူရိုအောင်ပွဲ မရဘူးဆိုရင် အသင်းမှ ထွက်ခွာနိုင်တယ်လို့ ဆိုလိုက်တဲ့ အင်္ဂလန်နည်းပြဆောက်ဂိတ်

အနုပညာသတင်းများ

၁။ မွေးနေ့ကုသိုလ်အနေနဲ့ ဘာသာ သာသနာအတွက်အကျိုးရှိအောင် အလှူအတန်းတွေ ဂရုတစိုက် လုပ်ဖြစ်တယ်ဆိုတဲ့ ခန့်စည်သူ

၂။ အလင်းရောင်နဲ့ မိုးဟေကိုတိုရဲ့ အချစ်အမုန်းအာဃာတတရားတွေပါဝင်တဲ့ “မိတင်စိန်” ရုပ်ရှင်ဇာတ်ကားကြီး Premier Show ကျင်းပခဲ့

၃။ BTS အဖွဲဝင် “ဂျင်” စစ်မှုထမ်းတာဝန် ပြီးမြောက်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၂-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၃-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ