သန်လျင်တံတားအမှတ်-၃ စဖွင့်သည့်နေ့တွင် ကားအစီရေ ၁ သောင်းကျော် ဖြတ်သန်းမောင်းနှင်ခဲ့၊ ဇွန် (၁၆) ရက်နေ့မှစ၍ ဖြတ်သန်းခ ကောက်ခံမည်

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) စတင်ဖွင့်လှစ်သည့်နေ့တွင် ကားအစီးရေ ၁၂၉၈၈ စီး ဖြတ်သန်းမောင်းနှင် ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ကားအစီးရေ ၄၂၀၀ စီးကျော် ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ကို ဇွန် (၈) ရက် နံနက်ပိုင်း ဖွင့်ပွဲအခမ်းအနား ပြီးဆုံးချိန်မှစ၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပေးခဲ့ရာ သန်လျင်မြိုသို အသွားအပြန် ပြုလုပ်လျက်ရှိသည့် မော်တော်ယာဉ်များ စည်ကားများပြားစွာဖြင့် ဖြတ်သန်းမောင်းနှင်ခဲ့ကြသည်။

တံတား အသုံးပြုခအား ဇွန် (၈) ရက်မှ (၁၅) ရက်အထိ အခမဲ့ ဖြတ်သန်းခွင့်ပြုပေးသွားမည်ဖြစ်ပြီး၊ ဇွန် (၁၆) ရက်နေ့မှ စတင်၍ တံတားဖြတ်သန်းခများကို မော်တော်ယာဉ်အမျိုးအစားများအလိုက် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တံတားသစ်ကြီးကို တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် သံလျင်တံတားအမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆိုမှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

ထိုအပြင် သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြိုနယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ ဒေသရှိပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ မွေးနေ့ အလှူ လုပ်ခဲ့တဲ့ နန်းမြတ်
Next post အနုပညာရှင်များနဲ့ ဖွင့်လှစ်ခဲ့တဲ့ Elegant Youth Luxury Lounge