မြဝတီမှာမိုးသည်းထန်စွာရွာသွန်းသဖြင့်ရေကြီးနေ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တစ်မြို့လုံးနီးပါး ရေကြီးနေတယ်လို့သိရပါတယ်။ ဇွန်လ ၈ ရက်နေ့ ညသန်းခေါင်ယံချိန်မှစတင်ပြီး ယနေ့ နံနက်ပိုင်းအထိ မိုးများ သည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြ၀တီမြို့နေရာ အများစု တွင် ရေကြီး​နေပြီး လတ်တလော ရေဘေးကြောင်း ပြောင်းရွှေ့ရသူမရှိသော်လည်း သွားလာရေးအခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် မြဝတီမြိုပေါ်ရှိ အဓိကလမ်းမကြီးအချိုနှင့် မြေနိမ့်ပိုင်းရပ်ကွက်ရှိ လမ်းများရေလျှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်း (၉)နာရီ ခွဲအချိန်တွင်တိုင်းတာမှုများအရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေကျော်တွင်ရောက်ရှိနေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၉-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၉-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ