ပဲခူးမြစ်ကူး (သန်လျင်တံတား အမှတ်-၃) ယနေ့စတင် ဖွင့်လှစ်ပြီး ဖြတ်သန်းခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူး (သန်လျင်တံတား အမှတ်-၃) ကို ယနေ့ဇွန်လ (၈) ရက်၊ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖွင်လှစ်ပြီးနောက်တွင် စတင်ကာ မော်တော်ယာဉ်များအား စတင်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် တံတားစတင်ဖွင့်လှစ်သည့်နေ့တွင် ကားများကို တံတားဖြတ်သန်းခ ကောက်ခံခြင်းမရှိဘဲ အခမဲ့ ဖြတ်သန်းခွင့်ပြု ထားကြောင်းလည်း သိရသည်။ အဆိုပါ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) ၏ တံတားအရှည်မှာ (၈၆၃၈) ပေဖြစ်ပြီး လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ပြီး တံတားအသုံးပြုခကို နိုင်ငံတကာစနစ်အတိုင်း QR Code အသုံးပြုပြီး Mobile Pay စနစ်ဖြင့် ကောက်ခံသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၈-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၉-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်