NLD ပါတီနာယက ဦးတင်ဦး ကွယ်လွန်

NLD ပါတီ နာယက ဦးတင်ဦး ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ ဦးတင်ဦး သည် ကျန်းမာရေးမကောင်း၍ မေလ ၂၉ ရက်ညပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မေ ၃၀ ရက်တွင် အထူး ကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့ ကုသမှုခံယူနေရင်း ယနေ့ နံနက်ပိုင်းက ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၉၈ နှစ်ရှိပြီး၊ မေလ ၃၀ ရက် ညပိုင်းတွင် ဆေးကုသမှုခံယူနေသည့် ဦးတင်ဦး ကွယ်လွန်သွားပြီ ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာအချို့တွင် ပျံ့နှံ့ခဲ့သည်။

သူရဦးတင်ဦးသည် ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး NLD ပါတီ တည်ထောင်ခဲ့သူများတွင် ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၂-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်