မာမီကွတ် ခိုကိုးရာမဲ့ကိုယ်ဝန်ဆောင်များနဲ့မွေးစကလေးများ ကူညီစောင့်ရှောက်ရေးဖောင်ဒေးရှင်းသို့ ကျပ် ၂၁ သိန်း၊အအေးနဲ့မုန့်တွေ လှူဒါန်းခဲ့တဲ့ ဖွေးဖွေး

မေလ ၁၆ ရက်က ပြင်ဦးလွင်မြို့ရှိ မာမီကွတ် ခိုကိုးရာမဲ့ကိုယ်ဝန်ဆောင်များနဲ့မွေးစကလေးများ ကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်းကို ကျပ် ၂၁ သိန်းနဲ့ အအေးနဲ့မုန့်တွေ လှူဒါန်းခဲ့ကြောင်း သရုပ်ဆောင် ဖွေးဖွေးက သူမရဲ့ လူမှုကွန်ယက် အကောင့်ကနေ အခုလိုဖော်ပြလာပါတယ်။

“ဒီနေ့အတွက် ပေါ့ပေါ့ပါးပါးကုသိုလ်ကောင်းမှုလေးတခုလုပ်ဖြစ်ခဲ့ပါတယ်။ ကလေးတွေနဲ့ လူကိုယ်တိုင် သွား​တွေ့ချင်လို့ကို အချိန်ပေး ခရီးထွက်ခဲ့ရကျိုးနပ်ပြီး အားလုံးပျော်ရွှင်ခဲ့ကြရပါတယ်။ နတ်လူသာဓုခေါ်စေသောဝ်” လို့ အကယ်ဒမီ ဖွေးဖွေးက ပြောပါတယ်။

သူမကတော့ “မာမီကွတ်” ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ နှင့် မွေးစကလေးငယ်များ ကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်းကို ကူညီထောက်ပံ့ စောင့်ရှောက်ပြီး ခိုကိုးရာ အရိပ်ပေးနိုင်ဖို့အတွက် မေတ္တာနဲ့ သဒ္ဒါကြည်ဖြူစွာ လှူဒါန်းပေးခဲ့တာလည်း ဖြစ်ပါ တယ်။ ဖွေးဖွေးကတော့ အနုပညာကိုအရည်အသွေးပြသနိုင်မယ့် ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေကို အချိန်သေချာပေးပြီး တစ်နှစ်တစ်ကားသာ အကောင်းဆုံးကြိုးစားရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာအမျိုးသားလေကြောင်း ရန်ကုန်-နန်နင်း – ရန်ကုန် Cargo ခရီးစဉ် စတင်ပျံသန်းပြေးဆွဲ
Next post (၁၉-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်