
မြန်မာအမျိုးသားလေကြောင်း ရန်ကုန်-နန်နင်း – ရန်ကုန် Cargo ခရီးစဉ် စတင်ပျံသန်းပြေးဆွဲ
မြန်မာအမျိုးသားလေကြောင်း၏ ရန်ကုန်-နန်နင်း – ရန်ကုန် ကုန်ပစ္စည်းသယ်ယူဆောင်ရေးလေကြောင်း ခရီးစဉ်များ(Cargo Flight) အား မေလ(၁၆)ရက်နေ့ မွန်းလွဲ (၁၂)နာရီ (၁၅)မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Boeing 737-800 Freighter လေယာဉ်ဖြင့် စတင်ပျံသန်းပြေးဆွဲသည်။
ယနေ့ ရန်ကုန်-နန်နင်းခရီးစဉ်(UB-8503) ဖြင့် ရေထွက်ကုန်ပစ္စည်းများဖြစ်သော ကဏန်း နှင့်ငါးရှဉ့် (၁၆)တန် တင်ဆောင် ခဲ့ပြီး ရန်ကုန်-နန်နင်း – ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလေကြောင်းခရီးစဉ် Cargo Flight အား တစ်ပတ်လျှင် သုံးကြိမ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။
Boeing 737-800 Freighter လေယာဉ်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၂၄)ရက်တွင် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပြီး မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များဖြစ်သော ရန်ကုန်-ကူမင်း- ရန်ကုန်၊ ရန်ကုန်-ဘန်ကောက်-ရန်ကုန်၊ ရန်ကုန်-စင်ကာပူ- ရန်ကုန်နှင့် ရန်ကုန်-မန်စီ-ရန်ကုန် Cargo ခရီးစဉ်များတွင် ပျံသန်းပြေးဆွဲပေးလျက်ရှိသည်ဟု သိရသည်။

More Stories
ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့သော နစကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်အားလုံးနေပြည်တော်သို့ ပြန်လည်ရောက်ရှိ
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့ ည ၁၀ နာရီတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ နစကဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်...
နစကဥက္ကဋ္ဌနှင့် တွေ့ဆုံကာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနှင့် အခြားကဏ္ဍများ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ် ပြောကြား
နစကဥက္ကဋ္ဌနှင့် BIMSTEC အစည်းအဝေးတွင် တွေ့ဆုံကာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး၊ ပေါင်းစည်းချိတ်ဆက်မှု၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ်က ယနေ့ထုတ်ပြန် ပြောကြားလိုက်သည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီက “ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့်...
ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး စတင်
အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် အခြား နိုင်ငံ့ခေါင်းဆောင်များပါဝင်ဆွေးနွေးမည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး စတင်နေပြီဖြစ်ကြောင်း သိရသည်။ အစည်းအဝေးမစတင်မီ မြန်မာ့ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရသော ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ပြည်သူများအတွက် ဝမ်းနည်းဆုတောင်းမှုအဖြစ် တစ်မိနစ် ငြိမ်သက်မှုလည်း ပြုခဲ့သည်။...
ဘင်းမ်စတက်၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် နစကဥက္ကဋ္ဌတို့ ယနေ့ တွေ့ဆုံဆွေးနွေး
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် အစည်းအဝေးသို့ တက်ရောက်ရန်ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘင်းမ်စတက်၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာတို့ ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။ ဆဋ္ဌမအကြိမ်မြောက်...
ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှအတွေ့အကြုံများအား ပြန်လည်မျှဝေပေးစေလိုဟုနီပေါဝန်ကြီးချုပ်အား နစကဥက္ကဋ္ဌပြော
ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်အတွေ့အကြုံရှိပြီးဖြစ်သည့် နီပေါနိုင်ငံအနေဖြင့် ယင်း အတွေ့အကြုံများကိုပြန်လည်မျှဝေပေးစေလိုသည်ဟု နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နီပေါနိုင်ငံဝန်ကြီးချုပ် Rt. Hon. Mr. K P Sharma Oli နှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ BIMSTEC အစည်းအဝေးတက်ရောက်ရန်...
နစကဥက္ကဋ္ဌ ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ သွားရောက်မည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဧပြီ ၃ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဧပြီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် အစည်းအဝေး တက်ရောက်သွားမည်ဖြစ်သည်။...