ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၁၁)နှစ်အကြာမှာ တက်ရောက်သွား နိုင်ခဲ့သော ‌ဒေ့ါမွန်

ပထမအကျော့မှာ ဦးဆောင်ထားတဲ့ ဒေါ့မွန်တို့ ပြင်သစ်မြေမှာလည်း ဦးဆောင်ဂိုး ထပ်ရခဲ့သလို၊ တပွဲလုံး Defensive Masterclass စွမ်းဆောင်ရည်ကို ပြသသွားခဲ့ပြီး နှစ်ကျော့ပေါင်း ၂ ဂိုးပြတ်နဲ့ ပြင်သစ်စတား ပီအက်စ်ဂျီအသင်းကိုအနိုင်ရရှိပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်ရောက်သွားပြီ ဖြစ်ပါတယ်။

ပီအက်စ်ဂျီကတော့ ချေပဂိုး ရဖို့ ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပေမယ့်၊ တိုင်နဲ့ ဘား အကြိမ်ကြိမ် မှန်ခဲ့တာက လွဲပြီး အဆုံးသတ် သွင်းယူနိုင်ခြင်း မရှိတာကြောင့် ဆီမီးဖိုင်နယ် အဆင့်နဲ့ ကျေနပ်လိုက်ရပြီ ဖြစ်ပါတယ်။

အုပ်စုတွင်းမှာ အားအနည်းဆုံး၊ ဆီမီးဖိုင်နယ် ၄ သင်းမှာ အားအနည်းဆုံးအသင်းက အခုတော့ Champion league Finalist အသင်းဖြစ်သွားပါပြီ။ ဒါဟာ သူတို့အသင်းရဲ့ မလျော့သော ကြိုးစားအားထုတ်မှုတွေကြောင့်ဖြစ်ပါတယ်။ ဂုဏ်ယူပါတယ် ဒေါ့မွန်ရေ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချဲလ်ဆီးရဲ့ တနှစ်တာ အကောင်းဆုံးဆု ၂ဆုကို ဆွတ်ခူး သွားတဲ့ ကိုးလ်ပါလ်မာ
Next post Miss Petite Global မှာ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်မယ့် နော်စေးဖော