(၉-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၉-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းမှလွဲ၍ ကျန်အတန်းများ၏ အောင်စာရင်းများကို ဧပြီလ ၂၇ ရက်နေ့တွင် ကြေညာမည်

၂။ နိုင်ငံရေးပါတီ လေးပုံသုံးပုံအထိ မှတ်ပုံတင်ခွင့်ပြုထားသည့် UEC

၃။ ဧပြီ ၈ ရက်က ကမ္ဘာ့အပူဆုံးမြို ၁၀ မြိုတွင် မြန်မာနိုင်ငံမှ ချောက်၊ မင်းဘူး၊ ညောင်ဦး၊ မကွေး၊ မန္တလေးမြိုများ ပါဝင်

၄။ မဏ္ဍပ်ပေါင်း (၂၀ဝ)ကျော်၊ လမ်းလျှောက်သင်္ကြန် (၂)ခုရှိထားသည့် ရန်ကုန်သင်္ကြန်အတွက်လုံခြုံရေးပိုင်း အထူးတိုးမြှင့်ထား

၅။ သင်္ကြန်ကာလအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်သူများကို မီးပွိင့်များ၌ တပ်ဆင်ထားသည့် CCTV Camera များမှတဆင့် စောင့်ကြည့်အ‌ရေးယူမည်

၆။ နှစ်ဆန်းတစ်ရက်နေ့မှလွဲ၍ ကျန်ရက်များတွင် ပုံမှန်ရုံးဖွင့်ရက်များအတိုင်း ရုံးဖွင့်၍ လုပ်ငန်းများဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အသိပေး

၇။ မကွေးမြို၌ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌကို သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ဖုန်း လုယက်ယူဆောင်

၈။ ဧပြီလ ၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၇,၉၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၉၅ ကျပ်၊ Octane 95 – ၂၉၀၅ ကျပ်၊ Diesel – ၂၄၀၀ ကျပ်၊ Premium Diesel – ၂၄၄၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ မြန်မာအစိုးရအင်အားတောင့်တင်းမှု လျော့နည်းလာပေမယ့် အာဏာရှိနေဆဲဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင် သုံးသပ်

၂။ အမေရိကန်ကွန်ဂရက်က အကူအညီမပေးပါက ရုရှားနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် ယူကရိန်းရှုးသွားလိမ့်မည်ဟု ဇယ်လန်းစကီးပြောကြား

၃။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ တရုတ်သို တရားဝင်ခရီးစဉ်အဖြစ်ရောက်ရှိ

၄။ ဂါဇာ၌ အောင်ပွဲရတော့မည်ဟုနေတန်ယာဟုဆို

၅။ နျူကလီးယားဓါတ်အားပေးစက်ရုံကို ယူကရိန်းက တိုက်ခိုက်ခဲ့ကြောင်း ရုရှားက စွပ်စွဲရာ ကိဗ်ဖက်က ပယ်ချ

၆။ မြောက်ကိုရီးယားနှင့် တင်းမာမှုမြင့်တက်နေစဉ် ဒုတိယမြောက် စစ်ဘက်သုံးထောက်လှမ်းရေးဂြိုဟ်တုကို တောင်ကိုရီးယား အောင်မြင်စွာလွှတ်တင်

အားကစားသတင်းများ

၁။ ကျန်းမာရေး ချိုတဲ့နေသည့် မြန်မာ့လက်ဝှေ့ ကစားသမားများ၊ ဒိုင်နှင့်နည်းပြများကို ထောက်ပံ့ငွေ (၁၀) သိန်းစီပေးအပ်

၂။ ယူနိုက်တက်က အသင်းငယ်လေးတစ်သင်းလို ကစားနေတယ်လို့ ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

၃။ ဖူလ်ဟမ်နဲ့ ပွဲမတိုင်ခင် လုယက်သူတွေရဲ့အကြမ်းဖက်ခံရခဲ့တဲ့ နယူးကာဆယ်စတား အီဆက်

၄။ ဘရိုက်တန်နဲ့ ပွဲမှာ ရုန်းကန်ခဲ့ရတယ်လို့ အာဆင်နယ်စတား ဆာကာ အတည်ပြု

၅။ ယူနိုက်တက်နဲ့ပွဲစဉ် ခြေစွမ်းပိုင်းက လိဂ်ချန်ပီယံဆုအတွက် လုံလောက်မှု မရှိသေးဘူးလို့ ဝန်ခံလိုက်တဲ့ ယာဂန်ကလော့ပ်

အနုပညာသတင်းများ

၁။ ပရိသတ်တော်တော်များများက ငပိကောင် ဆိုပြီးခေါ်တာကို စိတ်မဆိုးပါဘူးဆိုတဲ့ မော်ကွန်းသစ်

၂။ အာလောက်လောက်တေးသီချင်းကို သိန်း ၈၀ နဲ့ ၉၀ကြားအကုန်ကျခံရိုက်ကူးထားတယ်ဆိုတဲ့ DJ Moon Light

၃။ တောင်ကိုရီးယား အမျိုးသား K- POP အဖွဲ iKON ရဲ့ အဖွဲဝင် ဘော်ဘီနဲ့ ချန်ဝူး စစ်မှုထမ်းရရတော့မယ့် ရက်စွဲထွက်ရှိလာ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဧပြီ (၁၀)ရက်နေ့မှ (၁၂) ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမည်
Next post (၉-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ