မြန်မာနိုင်ငံ၏ပြဿနာများက ပြည်တွင်းရေးကိစ္စများသာ ဖြစ်ပြီး မြန်မာ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစား ရမည်ဟု တရုတ်သံတမန် ပြော

မြန်မာနိုင်ငံ၏ နိုင်ငံရေးအငြင်းပွားမှုများသည် ပြည်တွင်းရေးကိစ္စများသာဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားလိုက်နာရန်နှင့် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများတွင်ပါဝင်နေသော သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကြား တွေ့ဆုံဆွေးနွေးမှုများဖြစ်လာစေရန် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်လက်ထောက်သံအမတ်ကြီး Geng Shaun က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ထပ်မံပြောဆိုခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၏ မြေပြင်အခြေနေများကို တည်ငြိမ်ကောင်းမွန်မှုများ ပြန်လည်ရရှိစေရန် အတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ပေးသွားမည်ဖြစ်ကြောင်းလည်း Geng Shuan က မြန်မာ့အရေးနှင့် ပတ်သက်ပြီး ပြုလုပ်သောလုံခြုံရေးကောင်စီအစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်ရဲ့အခြေအနေတွေနဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်နေခဲ့တယ်။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးပြန်လည်ရယူနိုင်အောင် လမ်းကြောင်း ပေါင်းစုံ အသုံးပြု ကြိုးပမ်းနေတယ်။ မြန်မာနိုင်ငံရှိ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိအောင်စေ့စပ်ဆွေးနွေးတာ၊ ဆက်သွယ်တာတွေ လုပ်ဆောင်နေတယ်။ ရခိုင်ပြည်နယ်ရဲ့ အခက်အခဲပြဿနာတွေ ဖြေရှင်းနိုင်အောင် တရုတ်နိုင်ငံဟာ အပြုသဘောဆောင်တဲ့ချဉ်းကပ်မှုတွေ လုပ်ဆောင်နေတယ်” ဟု Geng Shuan က ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများဘဝ ရှင်သန်ကောင်းမွန်စေရန် ကူညီ ထောက်ပံ့ပေးမည်ဆိုသောကတိများကို ဆက်လက်အကောင်ထည်ဖော်မည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုထားသည်။

ကုလသမဂ္ဂဆိုင်ရာတရုတ်လက်ထောက်သံအမတ်ကြီး Geng Shuan က ” မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒဟာ မြန်မာပြည်သူအားလုံးအတွက်ဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အခက်အခဲပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်အောင် ကြိုးပမ်းရာမှာ အပြု သဘောဆောင်တဲ့အခန်းကဏ္ဍက ပါဝင်မှာဖြစ်သလို ကူညီထောက်ပံ့ ပေးမှုတွေ ဆက်လက်လုပ်ဆောင်မယ်။” ဟု ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ငလျင်လှုပ်ပြီးနောက် ပျောက်နေသူ ၁၈ ဦးကို ထိုင်ဝမ် ဆက်လက်ရှာဖွေနေ
Next post ဧပြီလ ၆ ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်