မန္တလေးမြို့ရှိ မဟာအောင်မြေလဝကရုံးတွင် ဗုံးပေါက်ကွဲ မှုကြောင့် ကိုးဦးဒဏ်ရာရရှိ

မန္တလေးမြို့ရှိ မဟာအောင်မြေလဝကရုံးတွင် ဗုံးပေါက်ကွဲမှုကြောင့် ကိုးဦးဒဏ်ရာရရှိမှု မတ် ၅ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် (၁) လမ်းရှိ မဟာအောင်မြေမြို့နယ် လဝကရုံးအား လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ကျွဲဆည်ကန်(၁)လမ်းအတိုင်း အမျိုးသားနှစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်ပေါ်မှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကာ ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာသို့စစ်ကူလာစဉ် ကျဆုံးခဲ့သည့် တရုတ်အာဇာနည်များ အား ကန်တော့ပွဲ အခမ်းအနားကျင်းပ
Next post မြန်မာနိုင်ငံ၏ပြဿနာများက ပြည်တွင်းရေးကိစ္စများသာဖြစ်ပြီး မြန်မာ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလေးစားရမည်ဟု တရုတ်သံတမန် ပြော