မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် တပ်မတော် ဌာနချုပ်များ/ တပ်ရင်း တပ်ဖွဲ့စာကြည့်တိုက်များသို့ စာအုပ် စာစောင်များ နစက္က ဉက္ကဋ္ဌနှင့် ဇနီး ပေးအပ်လှူဒါန်း

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ/ တပ်ရင်း တပ်ဖွဲ့စာကြည့်တိုက်များသို့ စာအုပ် စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ (၃) ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနား၌ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ နိုင်ငံတော်အစိုးရမှ လှူဒါန်းသော သုတ၊ ရသစာအုပ် ၃၅၀၀ နှင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုမှ လှူဒါန်းသည့် လူထုသိပ္ပံကျမ်း အတွဲ (၁/၂/၃) စာအုပ် ၃၀၀၀ အား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပေးအပ် လှူဒါန်းရာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနာယက ဦးကျော်ဆန်းနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေတို့က လက်ခံရယူသည်။

ဆက်လက်၍ တပ်မတော်မှ ဌာနချုပ်၊ တပ်ရင်း၊ တပ်ဖွဲ့ စာကြည့်တိုက်များသို့ နိုင်ငံတော်အစိုးရမှ လှူဒါန်းသော သုတ၊ ရသ စာအုပ် ၂၀၀၀ နှင့် နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုတို့မှ လှူဒါန်းသော လူထုသိပ္ပံကျမ်းအတွဲ (၁/၂/၃) စာအုပ် ၁၅၀၀ တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပေးအပ်လှူဒါန်းရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက လက်ခံရယူသည်။

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနာယက ဦးကျော်ဆန်းက စာကြည့်တိုက်များ တည်ထောင် ဖွင့်လှစ်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၄-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၄-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ