မြန်မာ-အာဖဂန်နစ္စတန် ဖူဆယ်အသင်းဒုတိယအ‌ကျော့ ယှဉ်ပြိုင်ကစားမှု ပြိုင်ဘက်အသင်းကို (၄)ဂိုးဖြင့် အနိုင်ရရှိ

ဧပြီလ ၁ ရက်

မြန်မာ-အာဖဂန်နစ္စတန် ဖူဆယ်အသင်းဒုတိယအ‌ကျော့ ယှဉ်ပြိုင်ကစားမှုကို ယမန်နေ့ မတ်(၃၁)ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို၊ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ကွင်းအတွင်းခြေစမ်းပွဲ ယှဉ်ပြိုင်ကစားကြရာ၊ ပြိုင်ဘက်အသင်းကို(၄)ဂိုးသွင်းယူကာ အနိုင်ရရှိခဲ့ပါတယ်။

ယမန်နေ့ပွဲစဉ်တွင် မြန်မာအသင်းအနေဖြင့် ပွဲပြီးဆုံးအချိန်အထိ (၄) ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပြီး၊ ပြိုင်ဘက် အာဖဂန်နစ္စတန်အသင်းက ချေပဂိုး (၂)ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

မတ်လ (၃၀)ရက်နေ့ ပထမအကျော့ယှဉ် ပြိုင်ကစားမှုတွင် မြန်မာအသင်းအနေဖြင့် ပြိုင်ဘက်အသင်းကို (၆)ဂိုး( ၁)ဂိုးဖြင့် ရှုံးနိမ့်ထားပါတယ်။

မြန်မာအသင်းအနေဖြင့် ယခု ခြေစမ်းပွဲပြီးပါက ဧပြီလအတွင်း ထိုင်းနိုင်ငံသို ထွက်ခွာမည်ဖြစ်ကာ ကူဝိတ်၊ ကာဂျစ်စတန်အသင်းများနှင့်လည်း လေ့ကျင့်ရေးခြေစမ်းပွဲ ထပ်မံယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါတယ်။

မြန်မာအသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲဝင်ခွင့်ရရှိထားကာ အိမ်ရှင်ထိုင်းအသင်း၊ ဗီယက်နမ်အသင်း၊ တရုတ်အသင်းတိုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁-၄-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ