(၂၆-၃-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၆-၃-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ တရုတ်-မြန်မာ နှစ်နိုင်ငံ ရဲတပ်ဖွဲများအကြား စွမ်းရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းများ ပူးပေါင်းဖွင့်လှစ်နိုင်ရေး ဆွေးနွေး

၂။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ ဆွေးနွေးသွားမည်ဟု KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီပြော

၃။ လိပ်ပြာပုံ (၂၀၀) ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို မတ်လ (၂၇) ရက်မှစတင်၍ ရောင်းချ‌ပေးသွားမည်

၄။ MAI လေကြောင်းလိုင်းသို့ ATR လေယာဥ်တစ်စီးထပ်မံရောက်ရှိ

၅။ မော်လမြိုင် – ရန်ကုန် အစုန်၊ အဆန်ရထားများ ယနေ့မှစ၍ ပြန်လည်ပြေးဆွဲ

၆။ မန္တလေးမြို ချမ်းအေးသာစံမြိုနယ်ရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ

၇။ မုံရွာမြို အိုးဘိုတောင် ရပ်ကွက်တွင် နံနက်အစောပိုင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲမှ အချိန် (၂) နာရီခန့် ငြှိမ်းသတ်ခဲ့ရ

၈။ မတ်လ ၂၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၇၉၆,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၉၅ ကျပ်၊ Octane 95 – ၂၉၀၀ ကျပ်၊ Diesel – ၂၄၃၅ ကျပ်၊ Premium Diesel – ၂၄၈၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ တရုတ်နှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကြောင့် အမေရိကန်နှင့် ဂျပန်တို့က စစ်ရေးနည်းဗျူဟာများကို ပြန်လည်ပြင်ဆင်မည်

၂။ ပါလက်စတိုင်းအကျဉ်းသား (၇၀၀) ကျော်ကို လွှတ်ပေးရန် အစ္စရေးဘက်က အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မီဒီယာများဖော်ပြ

၃။ စပိန်နိုင်ငံမှာ တယ်လီဂရမ်အသုံးပြုမှုတွေကို ဆိုင်းငံ့ထားဖို့ အမိန့်ထုတ်ပြန်

၄။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန်က ဖျက်သိမ်းလိုက်ကြောင်း ရုရှားအစိုးရပြော

၅။ အီရတ်နိုင်ငံကို ISIS အဖွဲ့တွေ ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း အမေရိကန်သံအမတ်ကြီး သတိပေး

၆။ ယူကရိန်းအစိုးရက စစ်ပွဲတွင် အမေရိကန်လုပ် ဓာတုလက်နက်များသုံးစွဲဟု ရုရှားအစိုးရပြောကြား

အားကစားသတင်းများ

၁။ စိုးလင်းဦး၊ သန့်ဇင်၊ မိုးထက်အောင် မြန်မာသုံးယောက်တွဲဆိုင်းနဲ့ ရင်ခုန်သံမြန်ရဦးမဲ့ One Fight

၂။ မော်ဒန်ဘောလုံးလောကနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်မိတဲ့အရာကို ထုတ်ပြောလာတဲ့ ဟာလန်း

၃။ လာမယ့်နွေရာသီမှာ အလုပ်တွေ ပြန်စချင်တယ်လို့ အလေးပေးပြောဆိုလိုက်တဲ့ မော်ရင်ဟို

၄။ မြောက်ကိုရီးယားနဲ့ ပွဲစဉ်ဖျက်သိမ်းပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲ ခရီးဖြောင့်ဖြူးလာတဲ့ ဂျပန်အသင်း

၅။ ခြေစွမ်းတိုးတက်လာခြင်းက ယူရို ၂၀၂၄ အတွက် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်ဖို့ အကူအညီဖြစ်လိမ့်မယ်လို့ ယုံကြည်နေတဲ့ ဂယ်လာဟာ

အနုပညာသတင်းများ

၁။ ‘သဲသဲ သုံးတဲ့ Skin Care တွေ ကပ်သုံးရင်းက မျက်နှာတွေ ပို Glow လာတာပါ’ လို့ ပြောလာတဲ့ နေတိုး

၂။ ၂၀၂၅ ခုနှစ်မှာ ကျွန်တော်ကို မျက်စိနောက်အောင် ပြန်မြင်ရမှာပါဆိုတဲ့ ဖြိုးမြတ်အောင်

၃။ ‘One Lady Show အတွက် သီချင်းတွေ ပြင်ဆင်နေပါပြီ’ လို့ ပြောလာတဲ့ ဝိုင်းစုခိုင်သိန်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရွှေဖူးရှင်း စိန်ရွှေရတနာဆိုင်ရဲ့ ဆိုင်သစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Next post နစကဉက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား