(၂၄-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၄-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ရေကိုစနစ်တကျ စီမံခန့်ခွဲနိုင်ရန် အမျိုးသားအဆင့် ရေအရင်းမြစ်ကော်မတီနှင့် အမျိုးသားရေ ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းရန်စီစဉ်နေ

၂။ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို မကြာမီထုတ်ပြန်မည်ဖြစ်ပြီး ဥပဒေထက်ကျော်လွန်သည့် ကိစ္စများ ရှိပါက သက်ဆိုင်ရာသို ကန့်ကွက် တိုင်ကြားနိုင်ဟုဆို

၃။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး နှင့် ငြိမ်းချမ်းရေးကိစ္စရပ်များကို တပ်မတော်နေ့အပြီးတွင် EAO အဖွဲ့များနှင့် နစကတို့ ဆွေးနွေးမည်

၄။ ရထားလမ်းပိုင်း မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ရပ်နားထားရတဲ့ ရန်ကုန် -မော်လမြိုင် အစုန်အဆန်ရထား ၂၄ ရက်နေ့မှာ ပြန်လည်ပြေးဆွဲမယ်

၅။ သုခဒဂုံပြည်သူ့အငှားအိမ်ရာ တတိယအဆင့်အိမ်ခန်းများ လျှောက်ထားငှားရမ်းနိုင်ပြီဟုကြေညာ

၆။ ဂွမြို့တွင် အလုပ်သမားမှ အိမ်ရှင်၏သားငယ်ကိုသတ်ပြီး မော်တော်ဆိုင်ကယ်နှင့် ငွေများ ယူဆောင်မှုဖြစ်ပွားဟု ဆို

၇။ တာချီလိတ်မြိုတွင် ငွေကျပ် သိန်းပေါင်း ၂၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၈။ မတ်လ ၂၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၇၉၈,၈၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၉၅ ကျပ်၊ Octane 95 – ၂၉၀၀ ကျပ်၊ Diesel – ၂၄၃၅ ကျပ်၊ Premium Diesel – ၂၄၈၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ မြောက်ကိုရီးယားအာဏာရပါတီ၏ ကိုယ်စားလှယ်အဖွဲ တရုတ်၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံများသို သွားရောက်

၂။ ရုရှားနိုင်ငံ မော်စကိုမြိုတော်ရှီ ဂီတခန်းမကို သေနတ်သမားများက တိုက်ခိုက်ခဲ့သဖြင့် လူ ၆၀ သေဆုံးကာ ၁၀၀ ခန့် ဒဏ်ရာရရှိ

၃။ ရာဖာစစ်ဆင်ရေးဆက်လုပ်ပါက အစ္စရေး ဒဏ်ခတ်ခံရနိုင်ကြောင်း ကန်သံတမန်ပြော

၄။ ဂါဇာစစ်ပွဲ အမြန်ဆုံးအပစ်ခတ်ရပ်စဲရန် အစ္စရေးကို အမေရိကန်အစိုးရ ဖိအားပေး

၅။ အငြင်းပွားမှုများနှင့်ပတ်သက်ပြီး နိုင်ငံအချုပ်အခြာအာဏာအခွင့်အရေးကို ကာကွယ်ရန် ကြိုးပမ်းမည်ဟု ဖိလစ်ပိုင်သမ္မတ ကတိပြု

၆။ အမေရိကန်၏အကူအညီမပါဘဲ ထိုင်ဝမ်ကျွန်းအနီးရှိ ကျွန်းများတွင် ဆိပ်ကမ်းတည် ဆောက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရပြော

အားကစားသတင်းများ

၁။ ဂျပန်ဖိုက်တာကို အလဲထိုးနဲ့အနိုင်ယူပြီး ဆုငွေ ဘတ်သုံးသိန်းခွဲပါဆွတ်ခူးခဲ့တဲ့ မြန်မာဖိုက်တာ ဆွန်ရက်

၂။ ပိုးကူးမှာစိုးလို့ဆိုပြီး ဂျပန်နဲ့ကစားရမယ့် အိမ်ကွင်းပွဲစဉ်ကို ဖျက်သိမ်းလိုက်တဲ့ မြောက်ကိုရီးယား

၃။ စာချုပ်သစ် ချုပ်ဆိုဖို့ မသေချာသေးတဲ့ အာနိုးလ်ရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ ရီးရဲလ်မက်ဒရစ်

၄။ ဟယ်ရီကိန်းဒဏ်ရာ ရနေတာကြောင့် ဝက်ကင်းစ်နဲ့ တိုနေးတို့ကို အခွင့်အရေး ပေးသွားမယ်လို့ ပြောကြားလာတဲ့ ဆောက်ဂိတ်

၅။ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကာနီး အာဆင်နယ်၊ လီဗာပူးတို့ရဲ့ ချိတ်ဆက်မှုတွေကို တုံ့ပြန်လာတဲ့ ကင်မစ်ချ်

အနုပညာသတင်းများ

၁။ ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းနဲ့ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်းအလှူကို ဖခင်နေတိုးနဲ့ သားဂုဏ်ရှိန်တိုးပြုလုပ်ခဲ့

၂။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နာမည်ကြီးမင်းသား ၄ လက်နဲ့ Dating ခွင့်ရရှိသူမိန်းကလေးက ကျပ်သိန်း ၇၀ တန် စိန်လက်စွပ်အပြင် တခြား ဆု‌လက်ဆောင်တွေရရှိမည်

၃။ ‘သူငယ်ချင်း အောင်ရဲလင်း က အရမ်း စန်းကောင်းတဲ့ စော်ကြည်ဘဲဖြစ်ပြီး သရုပ်ဆောင်တာလည်း ပိုကောင်း လာသလို၊ ဘော်ဒီပိုင်း လည်း ပိုမိုက်လာပါတယ်’ လို့ ပြောလာတဲ့ ဟိန်းဝေယံ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများအား နစက ဉက္ကဋ္ဌ နေ့ဆွမ်း ဆက်ကပ်
Next post Myanmar Star ပြိုင်ပွဲမှာ Winner ဆု ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားတဲ့ ကလေးမြို့မှ Le Len