မြန်မာနှင့် ဆီးရီးယား ကမ္ဘာ့ဖလားခြေစစ်ပွဲ တစ်ဘက်တစ်ဂိုး ဖြင့် သရေကျ

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့် ခြေစမ်းပွဲ အနေဖြင့် မြန်မာနှင့် ဆီးရီးယားအသင်းတို့ ယနေ့ မတ်လ (၂၁)ရက် ညနေ(၆)နာရီ အချိန်က ရန်ကုန်မြို့ ၊ သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြရာ၊ ပွဲပြီးဆုံးချိန်တွင် တစ်ဘက် တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။

မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်း ပွဲအချိန်အတွင်း ကျောနံပါတ် (၄) ကျော်စိုးမိုးက သွင်းယူ ပေးခဲ့သည့်အတွက် မြန်မာအသင်းမှ ဦးဆောင်ဂိုးဖြင့် ကစားခဲ့ရပြီး ဒုတိယပိုင်း ပွဲချိန်အတွင်း ဆီးရီးယားအသင်းဘက် က မြန်မာအသင်းအား ချေပဂိုး တစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သည့်အတွက် တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယနေ့ မြန်မာ့လက်ရွေးစင်အသင်း ပွဲထွက် လူစာရင်းများအနေဖြင့် ကျော်ဇင်ဖြိုး(ဂိုး)၊ ဟိန်းဖြိုးဝင်း၊ စိုးမိုးကျော်၊ သက်ဟိန်းစိုး၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ အောင်သူ၊ မောင်မောင်လွင် ၊ နေမိုးနိုင်၊ ဝေလင်းအောင်နှင့် ခွန်ကျော်ဇင်ဟိန်း တို့ ကစားခဲ့ ကြ သည်။ မြန်မာအသင်းအနေဖြင့် ယခုပွဲစဉ်ပြီးပါက အဝေးကွင်းပွဲစဉ်အတွက် မတ်လ (၂၆)ရက်၌ ဆော်ဒီအာရေဗျနိုင်ငံ၊ ဒါမန်းမြို့၌ ထပ်မံယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၁-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၂၂-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်