“သူ့ကိုမှ ချစ်မိသည်” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေး ကျင်းပ

LOVE TV က ဖန်တီးပုံဖော်ရိုက်ကူးမယ့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပုံစံ “ သူ့ကိုမှ ချစ်မိသည် ” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပေးပွဲကိုတော့ ယနေ့ မတ်လ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။

“မေမီနဲ့ လိုက်ဖက်လို့ ဒါရိုက်တာ ကိုဆက်က ကမ်းလှမ်းတယ်။ မေမီရဲ့ နွေဦး ကာရိုက်တာလေးပေါ့။ နွေဦးကိုမှာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပေါ့။ ငယ်ဘဝမှာ ကွဲသွားတာလေးတွေ ပါမယ်။ ငယ်ဘဝ ဆယ်ကျော်သက်ဇာတ်ရုပ်အတွက်လည်း သရုပ်ဆောင်တွေကို သေချာရွေးချယ်ပြီး ရိုက်တဲ့ ကားလေးပါ။ မေမီက ဗီလိန်ဇာတ်လေးပေါ့။ ကိုယ်အောင်မြင်ဖို့အတွက် ဘာမဆို လုပ်တဲ့ မိန်းကလေးပေါ့။တစ်ခါတလေ ဒီဇာတ်ကောင်တွေကို သဘောကျတယ်။ ဘယ်လို ပရိသတ် မြင်တွေ့ရမလဲဆိုတာ မကြာခင်မြင်ရမှာပါ ”လို့ သရုပ်ဆောင် မေမီကိုကိုက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲ ဇာတ်လမ်း ဇာတ်ညွှန်း Skyward Art Team နဲ့ ကိုဆက်တို့က ရေးသားထားပြီး ဒါရိုက်တာ ကိုဆက်က သရုပ်ဆောင် ချမ်းမင်းရဲထွဋ် ၊ ညိမ်းသော် ၊ မေမီကိုကို ၊ သံသာညီ ၊ စိုးမိုးကြည်တို့နဲ့အတူ အနုပညာရှင်များစွာနဲ့ ရိုက်ကူးကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post AA အကြမ်းဖက်သောင်းကျန်းသူများ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦး တို့ ဗုံးစထိမှန်ဒဏ်ရာများရရှိ
Next post (၁၂-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်