ဘာပေရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ လူးဝစ်အင်းနရစ်

ဇူလိုင်လ ၂၅ ရက်

ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က သတင်းတွေမျိုးစုံထွက်နေပေမယ့် ဘာပေကို အသင်းမှာပဲဆက်ရှိနေဖို့ မျှော်လင့်မိကြောင်း ပြောကြားလိုက်ပါတယ်။ ဘာပေဟာ အသင်းနဲ့စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်ထားတာဖြစ်ပြီး ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ငြင်းဆန်ထားပါတယ်။

ဂျပန်မှာရာသီကြိုခြေစမ်းပွဲအတွက် ရောက်နေချိန်မှာ အင်းနရစ်က “သူ(ဘာပေ)က ထူးခြားတဲ့ကစားသမားပါ။ အသင်းရဲ့အစိတ်အပိုင်းအဖြစ် သူဆက်ရှိနေဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ပြီးတော့ ဒီရာသီမှာလည်း ကျွန်တော်တို့ကို ကူညီးပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကစားသမားတွေကြားမှာ အဲ့ကိစ္စက ကွဲအက်လွယ်နိုင်တဲ့ကိစ္စပါ”လို့ အင်းနရစ်က ပြောကြားခဲ့ပါတယ်။

ဘာပေရဲ့အပြောင်းအရွှေ့ တနင်္လာနေ့တုန်းက ပြင်းထန်လာခဲ့ပြီး ပီအက်စ်ဂျီဟာ ဘာပေအတွက် ကမ္ဘာ့စံချိန်တင်ကမ်းလှမ်းမှုမျိုးလက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ အသင်းဘက်ကတော့ ဘာပေကို အငှားချချင်နေပေမယ့် ကစားသမားဘက်က သူ့စိတ်ကိုမပြောင်းလဲသေးတာဖြစ်ပါတယ်။

ဒါပေမယ့် ထွက်ခွာမှုတွေလည်း ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ လက်ရှိခြေစမ်းပွဲတွေကနေ အကျိုးအမြတ်ယူနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့တာမှ တကယ်ကန်တဲ့အချိန် အောင်မြင်မှုရနိုင်မှာပါ”လို့ အင်းနရစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

စည်းကမ်းပိုင်းမှာ ကျော်ကြားတဲ့ နည်းပြ အင်းနရစ်တစ်ယောက် စည်းကမ်းပိုင်းမရှိတဲ့ လူစာရင်းကြောင့် ကိုင်တွယ်ရခက်နိုင်တာဖြစ်ပါတယ်။ ဘာပေရဲ့အနာဂတ်က မဆုံးဖြတ်ရသေးပေမယ့် အင်းနရစ်က သူ့အလုပ်ကို ဆက်လုပ်ဖို့ပဲ ပြင်ဆင်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မောင်မင်းလူကလေး‌ (ခေါ်) သခင်ကြီး ဦးစံမြင့် ယနေ့ကွယ်လွန်
Next post ဆရာလေးဒေါ်မေတ္တာနန္ဒီ ဘွဲ့အမည်ဖြင့် သာသနာ့ဘောင်ထဲဝင်ရောက်ခဲ့သော သရုပ်ဆောင် မြတ်သူသူ