(၃-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၃-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ယခုရက်ပိုင်းအတွင်း စက်သုံးဆီဂါလန် (၃၇)သိန်းကျော် ဖြည့် တင်းပေးထားပြီး စက်သုံးဆီပြတ်လပ်မည်ကို မစိုးရိမ်ရန် နစက အသိပေး

၂။ ဗဟိုဘဏ်က မတ်လ (၄) ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁၀ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ထပ်မံရောင်းချပေးမည်

၃။ တက္ကသိုလ်ဝင် စာမေးပွဲကို ရောက်ရှိဒေသမှဖြေဆိုလိုပါက သက်ဆိုင်ရာ မြိုနယ်ပညာရေးမှူးရုံးများသို ဆက်သွယ်ကာဖြေဆိုခွင့်မဆုံးရှုးရအောင်လုပ်နိုင်

၄။ အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံရဲ့လေတပ်အင်အားက တတိယအဆင့်မှာ ရပ်တည်နေ

၅။ NUG၊PDF အဖွဲ ပြန်ပေးဆွဲဖမ်းဆီးသွားသည့် ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုပါချုပ်နှင့်(၂)ဦးကို ချက်ချင်းလွှတ်ပေးရန် လူထုကတောင်းဆိုနေသော်လည်း လက်ရှိအချိန်ထိ မလွတ်သေး

၆။ နွေဦးတော်လှန်ရေးတွင် မပါဝင်သော လုပ်ငန်းရှင်များ၊ ကုန်သည်များကို တာဝန်မယူဟု Chauk Guerrilla Force ခြိမ်းခြောက်

၇။ ပြန်မကြိုက်သည့်အမျိုးသမီးကို မိဘများရှေ့တွင် ဝက်လက် PDF က ပစ်သတ်မှုဖြစ်ပွား

၈။ မတ်လ ၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၆၇၉,၉၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၁၅ ကျပ်၊ Octane 95 – ၂၈၃၅ ကျပ်၊ Diesel – ၂၄၈၅ ကျပ်၊ Premium Diesel – ၂၅၂၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အနောက်အုပ်စုက ယူကရိန်းစစ်ပွဲကို အရှိန်မြင့်တက်လာအောင်လုပ်မည်ဆိုပါက နျူကလီးယားစစ်ပွဲ အန္တရာယ်ရှိလာမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် သတိပေး

၂။ အလုပ်ထွက်ခဲ့သော ဆရာဝန်အချိုအား အလုပ်ပြန်ဝင်ရန် တောင်ကိုရီးယားအစိုးရကအမည်နှင့်တကွထုတ်ပြန်

၃။ ယူကရိန်းသို စစ်တပ်များမပိုကြရန် ပါရီ အစည်းအဝေးသို တက်ရောက်သော အနောက်နိုင်ငံများက သဘောတူညီ

၄။ Yars တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားအစိုးရပြော

၅။ ရုရှား၏ပိုင်ဆိုင်မှုများကို သိမ်းယူရန် G7 အဖွဲဝင်နိုင်ငံများကို အမေရိကန်ဖိအားပေး

၆။ OpenAI ကုမ္ပဏီနှင့် ယင်း၏ CEO Sam Altman ကို အကျိုးအမြတ်များစွာ ရယူမှုအတွက် အီလွန်မတ်စ် တရားစွဲ

အားကစားသတင်းများ

၁။ Burma Football Academyမှ သင်တန်းသားဟောင်းနှင့် သင် တန်းသားအသစ် မိတ်ဆက်ပွဲကျင်းပ

၂။ နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်ရန် ထိုင်းရေတပ်၏ စစ်ရေယာဉ်တစ်စီး ရန်ကုန်မြိုသို ရောက်ရှိလာ

၃။ ဒါဝင်နူနက်ဇ်ရဲ့ နာကျင်အချိန်ပိုနောက်ဆုံးမိနစ်သွင်းဂိုးဖြင့် နိုင်ပွဲရရှိခဲ့တဲ့ လီဗာပူး

၄။ ယူနိုက်တက်ဟာ မန်စီးတီးကို ကြောက်ရွံ့ခြင်းမရှိဘူးလို့ အခိုင်အမာပြောကြားလာတဲ့ တန်ဟက်

၅။ ပိုချက်တီနိုက အကောင်းဆုံးကစားသမားဖြစ်လာအောင် ပဲ့ပြင်ဆုံးမပေးခဲ့တယ်လို့ ဆိုလာတဲ့ ကိုးလ်ပယ်လ်မာ

အနုပညာသတင်းများ

၁။ “နှလုံးသားရဲ့ အခြားတစ်ဖက်” ဇာတ်လမ်းတွဲမှာ အတူနေသူငယ်ချင်း မိန်းကလေးကို ၅၂၈ ထက်ပိုတဲ့ အချစ်နဲ့ နှစ်သက်မြတ်နိုးမိသွားတဲ့ ဟန်နီကိုနေရာက ပါဝင်ထားတယ်ဆိုတဲ့ မှူးထိပ်ထား

၂။ သရုပ်ဆောင် ဇေယျာ ၊ မိတ်ကပ်ခင်စန်းဝင်းနဲ့ မာမီကျော်တိုတက်ရောက်ခဲ့တဲ့ Yolo Digital Marketing ကုမ္ပဏီမိတ်ဆက်ပွဲမြင်ကွင်း

၃။ စင်ကာပူမှာ ပြီးခဲ့တဲ့ (၂)လအတွင်း တေလာဆွစ်ဖ်ရဲ့ဖျော်ဖြေပွဲ လက်မှတ်လိမ်လည်မှုကြောင့် အနည်းဆုံး စင်ကာပူဒေါ်လာ ၂၁၃,၀၀၀ ထိ ဆုံးရှုးနစ်နာမှုများရှိနေ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဖူလီလိုက် လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ဖြစ်သူ လီကျိန်းချန် (ခ) လျိုအားပေါက် တရုတ်အကျဉ်းထောင်တွင် သေဆုံး
Next post (၃.၃.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ