ပြည်သူ့စစ်မှုထမ်းခြင်းအားရှဉ့်လည်းလျှောက်သာ ပျားလည်း စွဲသာဖြစ်အောင်လုပ်ဆောင်မယ်လို့ နစက ဉက္ကဋ္ဌ ပြောကြား

ပြည်သူ့စစ်မှုထမ်းခြင်းအား သတ်မှတ် အသက်အပိုင်း အခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အင်အားသာ တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

“ဥပဒေနှင့် ပတ်သက်၍ တွက်ချက်ချင့်ချိန် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်ရန်လိုကြောင်း၊ သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အင်အားသာ တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာသည့် အခြေအနေဖြစ်အောင် ဆောင်ရွက်သွားမယ်”လို့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီအပြင် “အပြင် အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့်အမိန့်ကိုလည်း ယနေ့တွင် စတင်ထုတ်ပြန်မည်ဖြစ်ကြောင်း၊ စစ်မှု ထမ်းဟောင်းများအနေဖြင့် နိုင်ငံတော်၏ ကာကွယ်ရေးအင်အားတွင် ပြန်လည်ထမ်းဆောင်ရန် တောင်းဆိုမှုများ ပြားလာ သဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းအားလုံးကို ပြန်ခေါ်မည်ဟု မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများ ကိုသာ ပြန်လည်ခေါ်ယူတာဝန်ပေးအပ်မယ်” လို့ ဥက္ကဋ္ဌ ဆက်ပြောပါတယ်။

ယင်းဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော် ‌ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းနှင့် ပတ်သက်ပါက မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စေရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ‘တစ်ခါတုန်းကတက္ကသိုလ်မှာ’ မဖြူ ဆိုတဲ့ ကာရိုက်တာလေး ကို ချစ်ပေးကြပါအုံးဆိုတဲ့ ဟန်နလာ
Next post ချစ်သူများနေ့မှာ အမှတ်တရဖြစ်သွားအောင် လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ သရုပ်ဆောင်နေရဲ