ကယန်းလက်ဝှေ့မယ် မွေထိုင်း ချန်ပီယံ ဘရော်နီကာနဲ့ ထိုင်း မွေထိုင်းဖိုက်တာတို့ လာမည့် တနင်္ဂနွေနေ့ ထိုးသတ်မယ်

ဖေဖော်ဝါရီလ ၃ ရက်

ကယန်းလက်ဝှေ့မယ် မွေထိုင်း ချန်ပီယံ ဘရော်နီကာနဲ့ ထိုင်း မွေထိုင်းဖိုက်တာတို့ လာမည့် တနင်္ဂနွေနေ့တွင် ယှဥ်ပြိုင်ထိုးသတ်မယ်လို့ Thai Fight က သတင်းထုတ်ပြန် ထားပါတယ်။

Thai Fight မွေထိုင်းပြိုင်ပွဲမှာ (၂)နှစ်ဆက် အမျိုးသမီးချန်ပီယံ ကယန်းလက်ဝှေ့မယ် ဘရော်နီကာနဲ့ ထိုင်းနိုင်ငံသူ မွေထိုင်းဖိုက်တာ Nongbew Tor.Thepsutin တို့သည် လာမည့် ဖေဖော်ဝါရီ ၄ ရက် တနင်္ဂနွေနေ့တွင် ကျင်းပမည့် Thai Fight ပြိုင်ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်မှာလည်းဖြစ်ပါတယ်။

ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် Thai Fight ပြိုင်ပွဲများ၌ ပြိုင်ဘက်များနှင့်ယှဥ်ပြိုင်ထိုးသတ်ခဲ့ရာတွင် (၁၆) ပွဲဆက်တိုက်အနိုင် ရရှိထားသူဖြစ်ပြီး (၂) နှစ်ဆက်တိုက် မွေထိုင်းချန်ပီယံဆု ရရှိထားသူ လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အစိုးရကိုကာကွယ်နေခြင်းမဟုတ်ဘဲ နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်နေခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား
Next post သရုပ်ဆောင် မေမြင့်မိုရ်ရဲ့ အကယ်ဒမီ ပွဲတက်ဖက်ရှင်