အိမ်ရှင် (၂) သင်းလုံး အနိုင်ရရှိခဲ့တဲ့ (၉) ကြိမ်မြောက် အမျိုးသမီးကမ္ဘာဖလား ဖွင့်ပွဲ

ဇူလိုင်လ ၂၁ ရက်

၂၀၂၃ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်နိုင်ငံတွေအဖြစ် ပူးတွဲကျင်းပတဲ့ နယူးဇီလန်နဲ့ သြစတြေးလျတို့မှာ ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။

ကမ္ဘာ့ဖလား ဖွင့်ပွဲအဖြစ် နယူးဇီလန် အသင်းနှင့် နော်ဝေ အသင်းတို့ ယှဉ်ပြိုင်ကြရာမှာ နယူးဇီလန်အသင်းက ၁ဂိုး – ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အလားတူပဲ အိမ်ရှင်နိုင်ငံ သြစတြေးလျ အသင်းနှင့် အိုင်ယာလန် အသင်းတို့ ယှဉ်ပြိုင်ကြရာမှာလည်း အိမ်ရှင်အသင်းကပဲ ၁ ဂိုး – ဂိုးမရှိ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲဟာ အရင် အမျိုးသမီးကမ္ဘာ့ဖလားပွဲတွေထက် ပိုပြီး လူတွေ အာရုံစိုက်ကြမယ့် ပွဲလို့ ဖီဖာက ပြောပြီး စစချင်းနေ့ ပွဲ ၂ ပွဲမှာ ဘောလုံးပွဲ လာကြည့်သူ စုစုပေါင်း ၁၀၀,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post KTA Mobile ဆိုင် 10th year anniversary နှင့် ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနား
Next post တရားစခန်း(၂)ပတ်ဝင်ပြီး ကုသိုလ်ယူသော အဆိုတော် ချမ်းမြှေ့မောင်ချို