အင်ဒိုနီးရှားတွင် ခြေစမ်းပွဲ သွားရောက်ယှဉ်ပြိုင်မည့် ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် ကစားသမား ၁၉ ဦးစာရင်းထုတ်ပြန်

ဇန်နဝါရီလ ၂၉ ရက်

ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ် Mr.Bunlert Charongwong သည် အင်ဒိုနီးရှားနိုင်ငံသို ခြေစမ်းပွဲ သွားရောက်ယှဉ်ပြိုင်မည့် ပဏာမ ကစားသမား ၁၉ ဦးစာရင်းကို ယနေ့ ထုတ်ပြန်လိုက်ပါတယ်။

ပဏာမ မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် အုပ်ချုပ်/နည်းပြ ၉ ဦး ပဏာမ ကစားသမား ၂၄ ဦးတိုနှင့် အတူ ဇန်နဝါရီ ၂၀ ရက်မှ စတင်ကာ လေ့ကျင့်ပြင်ဆင်ခဲ့ခြင်း ဖြစ်ပြီး လေ့ကျင့်ချိန် တစ်ပတ်အကြာတွင် အင်ဒိုနီးရှား နိုင်ငံသို ခြေစမ်းပွဲ သွားရောက်ကစားမည့် ကစားသမား ၁၉ ဦးကို နည်းပြချုပ် Mr.Bunlert Charongwong က ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် အုပ်စု (က)၌ အိမ်ရှင် ထိုင်းအသင်း၊ ဗီယက်နမ် အသင်း၊ တရုတ် အသင်းတိုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် လက်ရှိတွင် သုဝဏ္ဏကွင်းအတွင်းရှိ လက်ရွေးစင်ကစားသမားများ အဆောင်တွင် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အစ္စရေးထောက်လှမ်းရေး စစ်ဆင်ရေးနှင့်ဆက်နွယ်နေသူ လူ(၄)ဦးကို ကွပ်မျက်ခဲ့တဲ့ အီရန်အစိုးရ
Next post ‘ရင်ဖွင့်ပြချင်တယ်’ဇာတ်ကား ကန်တော့ပေးပွဲ ကျင်းပ