မြဝတီအသင်းမှ ဟိန်းဇေယျာမင်းကို ၂ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက် အသင်းခေါ်ယူ

January 24, 2024

လာမည့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် ကစားသမားအားဖြည့်မှုများ ပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက် အသင်းသည် စတုတ္ထမြောက် ကစားသမားခေါ်ယူမှုအဖြစ် မြဝတီအသင်းမှ ဘယ်တောင်ပံကစားသမား ဟိန်းဇေယျာမင်း ကို ၂ နှစ်စာချုပ်ဖြင့် ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်သည်။

အသက် ၂၁ နှစ်ရှိပြီဖြစ်သည့် ဟိန်းဇေယျာမင်းသည် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့ဇာတိဖြစ်ပြီး မြဝတီလူငယ်အသင်းနှင့်အတူ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ တွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် မြဝတီ ယူ-၁၉ အသင်းသို့တက်လှမ်းခဲ့သည်။ ထို့နောက် ရှမ်းယူနိုက်တက်လူငယ်အသင်းသို့ ၂၀၂၀ ခုနှစ်ပြောင်းရွှေ့ပြီး ၁ နှစ်ကစားခဲ့ပြီး နောက် ၂၀၂၂ ခုနှစ်တွင် မြဝတီအသင်းနှင့်အတူ မြန်မာနေရှင်နယ်လိဂ်တွင် ၂ နှစ်ကြာခြေစွမ်းပြပါဝင်ကစားခဲ့သည်။  ဘောလုံးမျိုးရိုးရှိသည့် ဟိန်းဇေယျာမင်း သည် ပြည့်မိုး ၏ ညီအရင်းဖြစ်ပြီး လက်ရှိရန်ကုန်အသင်း နောက်ခံ တံတိုင်းတစ်ဦးဖြစ်သည့် ဟိန်းဇေယျာလင်းနှင့်လည်း ညီအစ်ကိုဝမ်းကွဲတော်စပ်သူ တစ်ဦးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော် ကျင်းပမည်
Next post တရုတ်ပြည်သူတွေကို တောင်းပန်စကား ဆိုလိုက်ရတဲ့ ရော်နယ်ဒို