AFC Futsal Asian Cup 2024 အတွက်မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း စတင်လေ့ကျင့်ပြင်ဆင်​နေ

January 23, 2024

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲ အကြို လေ့ကျင့်ပြင်ဆင်မှုများကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းအနေဖြင့် ဧပြီလအတွင်း ထိုင်းနိုင်ငံတွင် ကျင်းပမည့် AFC Futsal Asian Cup 2024 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် လက်ရှိအချိန်တွင် အုပ်ချုပ်နည်းပြ (၉) ဦး ပဏာမ ကစားသမား (၂၄) ဦးတို့နှင့်အတူ ဇန်နဝါရီ (၂၀) ရက်မှ ဖေဖော်ဝါရီ (၄) ရက်အထိ သုဝဏ္ဏကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများ အဆောင်တွင် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုနောက် ဖေဖော်ဝါရီ (၅) ရက်တွင် အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့သို့ ထွက်ခွာပြီး ဖေဖော်ဝါရီ (၇) ရက်နှင့် (၉) ရက် တို့တွင် အင်ဒိုနီးရှား ဖူဆယ်လိဂ် ချန်ပီယံ Bintang Timur Futsal Club အသင်း၊ ဖေဖော်ဝါရီ (၁၀) ရက်တွင် Regional East Java Team နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ခြေစမ်းပွဲများတွင် ရလဒ်ဆိုးနေသည့် မက်ဆီ၏ အင်တာမိုင်ယာမီ
Next post မိုဟာမက်ဆာလက်ချ်ရဲ့ဒဏ်ရာ ထင်ထားတာထက် ပိုဆိုးကြောင်း လီဗာပူးလ် ဆို