(၉) ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ယနေ့ စတင်ကျင်းပမည်

ဇူလိုင်လ ၂၀ ရက်

(၂၀၂၃) ဖီဖာ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဇူလိုင် (၂၀) ရက် ယနေ့မှာ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။

(၂၀၂၃) အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲကို အာရှ ဒေသတွင်းဖြစ်တဲ့ သြစတြေးလျနိုင်ငံနှင့် နယူးဇီလန် နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး (၂၀၂၃) ခုနှစ် ဇူလိုင် (၂၀) ရက်မှ သြဂုတ် (၂၀) ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

(၄)နှစ် တစ်ကြိမ်ကျင်းပနေတဲ့ (၂၀၂၃) အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ အနေဖြင့် သမိုင်းတစ်လျောက် နိုင်ငံ (၂)နိုင်ငံမှာ ပထမဆုံးအကြိမ် ပူးတွဲကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး (၂၄)သင်းမှ (၃၂)သင်း အထိ တိုးမြှင့်ထားသည့် ပြိုင်ပွဲဖြစ်ကာ (၉) ကြိမ်မြောက် ကျင်းပတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ဖြစ်ပါတယ်။

(၂၀၂၃) အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုအပြီးမှာ အုပ်စု (A) ၌ အိမ်ရှင်နယူးဇီလန်၊ နော်ဝေ၊ ဖိလစ်ပိုင်နှင့် ဆွစ်ဇာလန်အသင်း၊အုပ်စု (B) ၌ အိမ်ရှင်သြစတြေးလျ၊ အိုင်ယာလန်၊ နိုက်ဂျီးရီးယားနှင့် ကနေဒါအသင်း၊ အုပ်စု (C) ၌ စပိန်၊ ကော်စတာရီကာ၊ ဇမ်ဘီယာနှင့် ဂျပန်အသင်း၊ အုပ်စု (D) ၌ အင်္ဂလန်၊ ဒိန်းမတ်၊ တရုတ်နှင့် ဟေတီအသင်း၊ အုပ်စု (E) ၌ အမေရိကန်၊ နယ်သာလန်၊ ဗီယက်နမ်နှင့် ပေါ်တူဂီအသင်း၊ အုပ်စု (F) ၌ ပြင်သစ်၊ ဂျမေကာ၊ ဘရာဇီးနှင့် ပနားမားအသင်း၊ အုပ်စု (G) ၌ ဆွီဒင်၊ တောင်အာဖရိက၊ အီတလီနှင့် အာဂျင်တီးနားအသင်း၊ အုပ်စု (H) ၌ ဂျာမနီ၊ မော်ရိုကို၊ ကိုလံဘီယာနှင့် တောင်ကိုရီးယားအသင်းတို့ တစ်အုပ်စုတည်း ကျရောက်လျက်ရှိနေတာ ဖြစ်ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် အောင်မြင်မှု အရှိဆုံးအသင်းအဖြစ် အမေရိကန်အမျိုးသမီးအသင်းက ချန်ပီယံဆု (၄) ကြိမ်ဖြင့် ထိပ်ဆုံးမှာ ရပ်တည်လျက် ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Blue Dragon Series Awards 2023 ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Daesang(Grand Prize) ဆုကို မင်းသမီး Song Hye Kyo မှရရှိ
Next post KTA Mobile ဆိုင် 10th year anniversary နှင့် ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနား