ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ (၇)ထပ် ကုသဆောင်သစ် ဖွင့်ပွဲ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ တက်ရောက် ဂုဏ်ပြုဖွင့်လှစ်

ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီး(၇)ထပ် ကုသဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး ဂုဏ်ပြုဖွင့်လှစ်ခဲ့သည်။

(၇၇) နှစ်မြောက် ၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် အဆိုပါဆေးရုံသစ်ကြီးကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင်သာမက အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အကုန်အကျသက်သာစွာဖြင့် ဝန်ဆောင်မှုပေးနိုင်မည်ကြောင်း နစက ဉက္ကဋ္ဌက ပြောကြားခဲ့ပါသည်။

အဆိုပါဆေးရုံသစ်ကြီးသည် ခုတင်(၄၀၀)ဆံ့ ဆေးရုံကြီးဖြစ်ကာ ဓာတ်မှန်ခန်းခြောက်ခန်းနှင့် ကွန်ပျူတာ ဓာတ်မှန်ခန်းနှစ်ခန်း ပါဝင်သော အဆောင်များ၊ ဓာတ်ခွဲခန်းများပါဝင်သော အဆောင်များ၊ ဖျားနာကုသဆောင်များ၊ သွေး‌ရောဂါကုသဆောင်များ၊ ရိုးတွင်းခြင်ဆီအစားထိုးကုသဆောင်များ၊ အမျိုးသား အမျိုးသမီး လူနာဆောင်များ၊ သီးသန့်လူနာခန်းများ ပါဝင်သော အဆောင်များ၊ တာဝန်ကျဆရာဝန်၊ ဆရာမများ၊ သူနာပြုများနားနေခန်းများ ပါဝင်သောအဆောင်များနှင့် အခြားအထွေထွေ ရောဂါ ကုသသည့် အဆောင်များပါဝင်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တပ်မတော်သားများအနေဖြင့် ကာကွယ်ရေး တာဝန် ထမ်းဆောင်ရန် အသင့်အနေအထားရှိနေရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Next post စိန်ဧကရီ ရဲ့ ပဲခူးမြို ဈေးရောင်းပွဲတော်ကြီး ကျင်းပ