RCSS/SSA ဌာနချုပ်တည်ရှိရာ လွိင်တိုင်းလျန်းတံ စေတီတော် ထီးတင်ပွဲ မိုင်းဖုန်းဆရာတော်ကြွရောက်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဌာနချုပ်တွင်တည်ထားကိုးကွယ်မည့် လွိင်တိုင်းလျန်းတံ စေတီတော် ထီးတင်ပွဲသို မိုင်းဖုန်းဆရာတော် ကြွရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လွိင်တိုင်းလျန်းတံ စေတီတော် ထီးတင်ပွဲအား ယမန်နေ့ ဒီဇင်ဘာ (၂၇)ရက် နံနက် (၉)နာရီဝန်းကျင်တွင် ကျင်းပ ခဲ့ကြခြင်းဖြစ်ပြီး၊ မိုင်းဖုန်းဆရာတော်ကြီးကိုယ်တိုင် ထီးတော်တင်ပေးခဲ့ကြောင်း သိရသည်။

ထီးတော်တင်ပွဲသို RCSS/SSA တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး၊ ဒေသခံပြည်သူ သောင်းနှင့်ချီလာရောက်၍ ဖူးမျှော်ခဲ့ကြ ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မွန်ပြည်နယ်၊ ဇင်းကျိုက်ရပ်ကွက် မီးလောင်မှုဖြစ်ပွား
Next post နစက ဥက္ကဋ္ဌ ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ