အချင်းချင်းစည်းလုံးညီညွတ်မှုမရှိဘဲ လွဲမှားသည့် အယူအဆများ လုပ်ဆောင်နေကြပါက နိုင်ငံအတွက် လွန်စွာအန္တရာယ်ကြီးကြောင်း နစက ဥက္ကဋ္ဌပြော

ယနေ့အချိန်တွင် အချင်းချင်းစည်းလုံးညီညွတ်မှုမရှိဘဲ နိုင်ငံနှင့် ပြည်သူလူထုအကျိုးကို လျစ်လျူရှုပြီး သံသယ များ၊ ကိုယ်ကျိုးအတ္တများ၊ လွဲမှားသည့်အယူအဆများ လုပ်ဆောင်နေကြမယ်ဆိုပါက နိုင်ငံအတွက် လွန်စွာ အန္တရာယ် ကြီးမားကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်တွင်နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်း၊ (B) ရုံ၌ကျင်းပသော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်လူငယ်နှင့် စာပေအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ယင်းကြောင့် မှန်ကန်သည့်အသိ၊ မှန်ကန်သည့် သတိတရားများနှင့် နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကို သယ်ပိုး ပေးကြရန် လည်း ယင်းက တိုက်တွန်းခဲ့သည်။ ယခုအချိန်တွင် ကိုလိုနီဘဝနယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုအုပ်ချုပ်မှု၏ အကျိုးဆက် သည် တိုင်းရင်းသားများကြား ယနေ့အချိန်ထိ ကျန်ရှိနေဆဲဖြစ်သည်ကို သတိပြုရမည်ဖြစ်သောကြောင့် နိုင်ငံတော်ပြိုကွဲပျက်စီးမှု မဖြစ် စေရေး ဝိုင်းဝန်း ကာကွယ်ဆောင်ရွက်ပေးကြရန်နှင့် ခေတ်သစ်ကိုလိုနီဝါဒ၏ လုပ်နည်းလုပ်ဟန်များကို မျက်ခြေ မပြတ် စောင့်ကြည့်ပြီး အသိတရား၊ သတိတရား လက်ကိုင်ထားပေးကြရန်အတွက် မျိုးဆက်သစ်လူငယ်များကို အသိ ပညာပေးကြရန် လိုအပ်ကြောင်းလည်းပြောကြားခဲ့သည်။

အင်အားကြီးနိုင်ငံတစ်ချို့က ဖွံ့ဖြိုးဆဲနိုင်ငံများကို၎င်းတို့၏ ဩဇာခံပုဆိန်ရိုးများ၊ ကြိုးဆွဲခံရုပ်သေးရုပ်များနှင့် ထိုးဖောက် ဝင်ရောက်ပြီး လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်ကာ မီးမွှေးဆောင်ရွက်နေမှုများ၊ မတည်မငြိမ် က မောက်ကမ ဖြစ်အောင် လုပ်ကြံဖန်တီးမှုမျိုးစုံနှင့်သွေးထိုးမြှောက်ပင့်ပေးနေကြကြောင်း၊ လူ့အ ခွင့် အရေး၊ ဒီမိုကရေစီရေးဆိုသည့် စကားလုံးများကို ရောင်းကုန်ပစ္စည်းကဲ့သို့သဘောထားပြီး လိုသလိုပုံဖော်ဖိအားပေး အကြပ်ကိုင်မှုများနှင့် နည်းလမ်းပေါင်းစုံ၊ အကြံအစည် ပေါင်းစုံအသုံးပြုပြီး ၎င်းတို့၏ဩဇာလောင်းရိပ်အောက် သွတ်သွင်းရန် ကြိုးစားနေကြကြောင်းလည်း ပြောကြားခဲ့သည်။

ယခုကျင်းပသည့် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို နိုင်ငံသားတိုင်းက အထွဋ်အမြတ်ထားရသည့် လွတ်လပ် ရေး နေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း ကြောင်းများကို သိရှိစေရန်၊ လူငယ်များအတွင်း နိုင်ငံချစ်စိတ် မျိုး ချစ်စိတ်ဓာတ်များ မြင့်မား လာစေရန်၊ စာပေနှင့်အနုပညာစွမ်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့် အတွေးအခေါ် အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက် လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပကြခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ် ၉၇ ဦးကို ပဏာမ ရွေးချယ်
Next post ‘လိုင်လီ’ စိန်တိုက်ပိုင်ရှင်နဲ့ ကြော်ငြာဓာတ်ပုံ ရိုက်ကူးခဲ့သော သရုပ်ဆောင် အေးချမ်းမောင်