၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ် ၉၇ ဦးကို ပဏာမ ရွေးချယ်

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ်လျှောက်ထားသူတွေရဲ့ ပဏာမ လူတွေ့စစ်ဆေးမှုကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး(ဗဟို) မှာကျင်းပခဲ့ပြီး ဒုတိယအဆင့်စိစစ်ဖို့အတွက် ၉၇ ဦးကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ ရွှေကြိုမောင်မယ်လျှောက်သူတွေကို လျှောက်လွှာအမှတ်စဉ် ၀၀၁ ကနေ ၂၁၆ အထိတစ်ပိုင်း လျှောက်လွှာ အမှတ်စဉ် ၂၁၇ ကနေ ၃၃၅ အထိ တစ်ပိုင်း နှစ်ပိုင်းခွဲ စိစစ်ရွေးချယ်ခဲ့တာဖြစ်ပြီး ဒုတိယအဆင့်အတွက် ၉၇ ဦးရွေးချယ်မှုကိုတော့ ဒီဇင်ဘာ ၂၄ ရက်မှာ ထပ်မံစိစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွက်တော့ အကယ်ဒမီဗန်းကိုင် ရွှေကြိုအမျိုးသား ၁၀ ယောက် နဲ့ အမျိုးသမီး ၁၀ယောက် စုစုပေါင်း အယောက် ၂၀ ကို ရွေးချယ်သွားမှာဖြစ်ပြီး မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲကိုတော့ လာမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း နေပြည်တော်မှာ ကျင်းပသွားဖို့ လျာထားတယ်လို့ သိရပါတယ်။

ရွှေကြိုရွေးချယ်ရေးကော်မတီမှာ ဝါရင့်အနုပညာရှင်၊အတတ် ပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီအောင်ခိုင် စတဲ့သူတွေက အကဲဖြတ်ရွေးချယ်ပေးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကိုနိုင်ဖြိုးကျော်နဲ့ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ရဲ့ စုလျားရစ်ပတ် မင်္ဂလာပွဲ ယနေ့ ကျင်းပ
Next post အချင်းချင်းစည်းလုံးညီညွတ်မှုမရှိဘဲ လွဲမှားသည့် အယူအဆများ လုပ်ဆောင်နေကြပါက နိုင်ငံအတွက် လွန်စွာအန္တရာယ်ကြီးကြောင်း နစက ဥက္ကဋ္ဌပြော