မင်းဘူးမြို၌ လူသုံးကုန်ပစ္စည်းပြပွဲနှင့် စုပေါင်းဈေးရောင်း ပွဲတော်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို၌ နယ်လှည့်ဈေးရောင်းချသူများအဖွဲက ဦးဆောင်၍ လူသုံးကုန်ပစ္စည်းပြပွဲနှင့် စုပေါင်း ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းမှစတင်ကာ မင်းဘူးမြို အမှတ်(၄)ရပ်ကွက်ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

နယ်လှည့်ဈေးရောင်းချသည့် ဈေးသည်များ၏ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ယင်းပွဲတော်ကို ကျင်းပပေးခြင်း ဖြစ်ပြီး အင်္ကျီ၊ အဝတ်အထည်၊ ဦးထုပ်၊ ဖိနပ် စသည့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ မီးဖိုချောင် အိမ်သုံးပစ္စည်းအမျိုးမျိုး၊ ကလေးကစားစရာ အရုပ်ပစ္စည်အမျိုးမျိုးနှင့် လက်ဆောင်ပစ္စည်းအမျိုးမျိုးတိုကို ပြရောင်းချပေးလျှက်ရှိသည်ဟုဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မင်္ဂလာပွဲပြီး ပထမအကြိမ် ပြန်လည်ပွဲတက်ရောက်လာတဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်
Next post Miss Christmas Star စိန်နန်းတော် ခရစ္စမတ်အကြို စိန်ရွှေရတနာဈေးရောင်းပွဲကြီး ကျင်းပ