နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆွမ်ပရာမြို့၊ နှစ်ခြင်း အသင်းတော် ၇၅ နှစ်မြောက်၊ စိန်ရတု နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

၇၅ နှစ်မြောက် ဆွပ္မရာ(ဆွမ်ပရာ)နှစ်ခြင်း အသင်းတော် စိန်ရတုနေ့ အခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက်ပိုင်းက ဆွပ္မရာမြို့၊ ပြည်သူ့ အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ နာဂဒေသအားတောင်ပေါ်နှင့်မြေပြန့် တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံဆေင်ရွက်ပေးနေမှု အခြေအနေများ၊ ဘာသာသာသနာ ဖွံ့ဖြိုးစည်ပင်ရေးအတွက် ပံ့ပိုး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူများနှင့် တိုင်းရင်းသားအားလုံး တစ်စည်းတစ်လုံးတည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများနှင့် နှစ်နိုင်ငံနယ်စပ်အနီး နေထိုင်သည့် ပြည်သူများဖြစ်ပါ၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အလေးနက်ထားကာ ထုတ်ပြန် ထားသည့် စည်းကမ်းဥပဒေများကို လေးစားလိုက်နာကာ နေထိုင်သွားလာကြရေးတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ၇၅ နှစ်မြောက် ဆွပ္မရာ(ဆွမ်ပရာ) နှစ်ခြင်းအသင်းတော် စိန်ရတုနေ့အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌမှ အမှတ်တရ လက်ဆောင်အား ပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ် – ၅၀ သိန်းအား ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများထံ အသင်းတော်မှ တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ၇၅ နှစ်မြောက် ဆွပ္မရာနှစ်ခြင်းအသင်းတော် စိန်ရတုနေ့ အခမ်းအနား ကျင်းပရေး ကော်မတီ အတွင်းရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တန်ခွန်မျိုးနွယ်စု(အမျိုးသား)၊ ကူကီးမျိုးနွယ်စု (အမျိုးသမီး)များမှ မြေဝိုင်းအကများဖွဲ့ဖြင့် ဧည့်ခံမှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စာပေသည်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း နှင့် အမျိုးသားရေး စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း နစက ဉက္ကဋ္ဌပြောကြား
Next post စိန်ဧကရီ စိန်တိုက်ရဲ့ ကြော်ငြာအသစ်မှာ မြင်တွေ့ရမယ့် စိုင်းစိုင်း နဲ့ စိန်ဧကရီ ပဲ့ကိုင်ရှင် ဒေါက်တာ သဲစုခိုင်