ဂျပန်နိုင်ငံတွင် ကျင်းပသည့် IKEBANA International Fair 2023 တွင် မြန်မာသံရုံးမှ မြန်မာ့ရိုးရာ လက်မှုပစ္စည်း များ ပါဝင်ခင်းကျင်းပြသ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Royal Park Hotel ၌ ဒီဇင်ဘာ (၁၂) ရက်နေ့က ကျင်းပသည့် တိုကျိုမြို့အခြေစိုက် အီကေဘားနား နိုင်ငံတကာပြပွဲ ၂၀၂၃ ( IKEBANA International Fair 2023) တွင် မြန်မာသံရုံးမှ မြန်မာ့ရိုးရာ လက်မှုပစ္စည်းများအား ပါဝင်ခင်းကျင်း ပြသရောင်းချခဲ့ကြောင်း သိရသည်။ အဆိုပါပြပွဲသို့ ဂျပန်နိုင်ငံရှိ စီးပွားရေးကုမ္ပဏီများ၊ အဖွဲ့အစည်းများအပြင် အာရှ၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် တောင်အမေရိက ဒေသနိုင်ငံများရှိ သံရုံးများမှ ပြခန်းများနှင့် ဆိုင်ခန်းများ ဖွင့်လှစ်၍ ရိုးရာအစားအသောက်များ၊ ရုံးရာယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများအား ပါဝင်ပြသရောင်းချခဲ့ကြပါသည်။

မြန်မာသံရုံးမှ မြန်မာ့ယဉ်ကျေးမှု ရိုးရာယွန်းထည်ပစ္စည်းများ၊ မြန်မာ့တွင်းထွက် လက်ဝတ်ရတနာများ၊ ငွေထည်ပစ္စည်းများ၊ ကျောက်စိမ်းလက်ဝတ်ရတနာများ၊ မြန်မာ့ရွှေချည်ထိုး၊ ငွေချည်ထိုး လက်မှုအသုံးအဆောင်များ၊ မြန်မာ့သစ်ဖြင့် ပြုလုပ်ထား သည့် အသုံးအဆောင်ပစ္စည်းများ၊ မြန်မာ့ပိုးနှင့် ချည်ထည် အသုံးအဆောင်ပစ္စည်းများ၊ မြန်မာ့ကော်ဖီထုတ်ကုန်များ၊ မြန်မာ့သစ်သားအား ဂျပန်နည်းပညာကို အသုံးပြု၍ ထုတ်လုပ်ထားသည့် လူသုံးကုန်ပစ္စည်းများ စသည်တို့ကို ခင်းကျင်းပြသ ရောင်းချခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ သဘာဝအလှအပများ၊ သတင်းအချက်အလက်များ ပါဝင်သည့် လက်ကမ်းစာစောင်များကိုလည်း လာရောက်ကြည့်ရှုသူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မည်သည့်စက်သုံးဆီအမျိုးအစားကိုမဆို နေရာမရွေး၊ အချိန်မရွေး ပုံမှန်လိုအပ်သည့်ပမာဏအတိုင်း ဝယ်ယူနိုင်ပြီ
Next post တခြားသူအဆင်ပြေနေတာမြင်ရင် မနာလိုတတ်တဲ့ပုံကို “ယုံတမ်း” ဇာတ်လမ်းတွဲမှာ အကောင်းဆုံးပုံဖော်ထားတယ် ဆိုတဲ့ ခြူးလေး