မည်သည့်စက်သုံးဆီအမျိုးအစားကိုမဆို နေရာမရွေး၊ အချိန်မရွေး ပုံမှန်လိုအပ်သည့်ပမာဏအတိုင်း ဝယ်ယူနိုင်ပြီ

မည်သည့်စက်သုံးဆီအမျိုးအစားကိုမဆို နေရာမရွေး၊ အချိန်မရွေး ပုံမှန်လိုအပ် သည့်ပမာဏအတိုင်း ဝယ်ယူရရှိနိုင်ရန် အတွက် စီမံဆောင်ရွက်နေတယ်လို့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ပြောပါတယ်။

စက်သုံးဆီအရောင်းဆိုင်များတွင် အကြိမ်ကြိမ်တန်းစီဝယ်ယူကာ တစ်ဆင့်ပြန်လည် ရောင်းချမှုများနှင့် တရားမဝင် သိုလှောင် ရောင်းချခြင်းများကိုလည်း စစ်ဆေးဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ပြီး ပြည်သူများ အနေဖြင့်လည်း ထိုသို့ ဆောင်ရွက်မှုများကို တွေ့ရှိပါက သတင်းပေး တိုင်ကြားပါဆိုပြီးတော့လည်း ပြောထားပါသေးတယ်။

လက်ရှိပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှမှာယူထားသည့် စက်သုံးဆီများ စဉ်ဆက်မပြတ် ဆက်လက် ဝင်ရောက်နေမှုကြောင့် နိုင်ငံတော်အတွင်း စက်သုံးဆီပြတ်လပ်နိုင်သည့် အခြေအနေမရှိသဖြင့် အများပြည်သူအနေဖြင့် စိုးရိမ်စရာမလိုဘဲ စက်သုံးဆီများကို မိမိတို့လိုအပ်သလောက် စိတ်အေးချမ်းသာစွာ ဝယ်ယူသုံးစွဲနိုင်တယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post 𝐈’𝐀𝐔𝐑𝐀 𝐁𝐫𝐚𝐧𝐝 နှင့်လက်တွဲ လုပ်ကိုင်ရန် စာချုပ်ချုပ်ဆို ခြင်းခံရသော 𝐌𝐢𝐬𝐬𝐆𝐫𝐚𝐧𝐝𝐌𝐲𝐚𝐧𝐦𝐚𝐫 2024 သဲစုငြိမ်း
Next post ဂျပန်နိုင်ငံတွင် ကျင်းပသည့် IKEBANA International Fair 2023 တွင် မြန်မာသံရုံးမှ မြန်မာ့ရိုးရာ လက်မှုပစ္စည်း များ ပါဝင်ခင်းကျင်းပြသ